News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မန္တလေးမြို့ရှိ အထက်မြန်မာပြည်ကွပ်ကဲရေးရုံး(မန္တလေး)နှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) တို့အားကြည့်ရှုစစ်ဆေးသည့်သတင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်

30th Jun 2024

 စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မန္တလေးမြို့ရှိ အထက်မြန်မာပြည်ကွပ်ကဲရေးရုံး(မန္တလေး)နှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) တို့အားကြည့်ရှုစစ်ဆေးသည့်သတင်း

 

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှုးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများလိုက်ပါ လျက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အထက်မြန်မာပြည် ရေနံရှာဖွေရေး၊ တူးဖော်ရေး လုပ်ငန်းများ ကွပ်ကဲရေးရုံး(မန္တလေး)နှင့် အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်မြန်မာပြည် ရေနံရှာဖွေရေး၊ တူးဖော် ရေးလုပ်ငန်းများ ကွပ်ကဲရေးရုံး(မန္တလေး)သို့ရောက်ရှိရာ ကြီးကြပ်ရေးအင်ဂျင်နီယာမှ အထက် မြန်မာပြည်ရုံးခွဲ၏ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအစီအမံများအားလည်းကောင်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန၊ အထွေထွေမန်နေဂျာ CNG မှ ပလိပ်မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်၏ သဘာဝဓာတ်ငွေ့လက်ခံ ရရှိမှု၊ မော်တော်ယာဉ်များအား သဘာဝဓာတ်ငွေ့ရောင်းချပေးနိုင်မှု၊ မန္တလေးမြို့ရှိ Retest Factory ၏ သဘာဝဓာတ်ငွေ့အိုးများအား နှစ်အလိုက်စစ်ဆေး ပေးနေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီး  မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

        တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနသည် မြန်မာပြည်အထက် ပိုင်းရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ အမှတ်(၂)ရေနံချက်စက်ရုံ(ချောက်)၊ အမှတ်(၃) ရေနံ ဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)၊ အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)တို့ လည်ပတ်၍ တိုးမြှင့် ထုတ်လုပ်ရေးစီမံဆောင်ရွက်လျက်ရှိရာ လိုအပ်သောရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့များကို တိုးမြှင့် ထုတ်လုပ်ရန်အရေးကြီးသကဲ့သို့ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းသည်လည်း အဓိကကျသောကြောင့် အနီးကပ်ကြပ်မတ်ဆောင်ရွက်နိုင်ရန် အထက်မြန်မာပြည်ကွပ်ကဲရေးရုံးသည် အရေးပါသဖြင့် တိုးမြင့်လာမည့်ရည်မှန်းချက်တာဝန်များ ကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည့်အခြေခံအဆောက်အဦများကို ပြန်လည်ပြုပြင်ခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မဒဲကျွန်း ရေနံသိုလှောင်စခန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များပို့လွှတ်ပေးနေမှုကို ထိန်းချုပ်ဖြန့်ဖြုးပေး နေသည့် မန္တလေးမြို့ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေး စခန်း(မန္တလေး)သို့ရောက်ရှိရာ အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဓာတ်ငွေ့ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်းနှင့် ပိုက်လိုင်းတစ်လျောက်ရှိ ထိန်းဖြန့်စခန်းများ၏ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝ ဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှုအခြေအနေများ၊ ပိုက်လိုင်းနှင့်ဝင်ငွေရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံစလုံး အတွက်  အကျိုးရှိသည့်စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ တည်ဆောက်ထားပြီးဖြစ်သည့်ပိုက်လိုင်းများ ၏ စွမ်းရည် ၅၀ ရာခိုင်နှုန်းခန့်သာအသုံးပြုနေသဖြင့် ပိုမိုတိုးမြှင့်အသုံးပြုနိုင်ရန် ကြိုးစားခြင်းဖြင့် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည်ဖြစ်၍ ပိုမို၍ နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

Other News