News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ-၂ အတွက် တိုးတက်ထွက်ရှိလာသောရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

04th Jun 2025

စွမ်းအင်ဝန်ကြီးဌာန ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ-၂ အတွက် တိုးတက်ထွက်ရှိလာသောရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပ

၂၀၂ခုနှစ်၊ ဇွန် ရက်

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ-၂ တွင် ရေနံအထွက် တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ရုံးညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် Myanmar Kinsanar Co.,Ltd.  မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အဖိုးတန်စွမ်းအင်သယံဇာတများကို စနစ်တကျထုတ်ယူသုံးစွဲခြင်းနှင့် ကာကွယ်စောင့် ရှောက်ခြင်းတို့သည် စွမ်းအင်ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ “ပြည်သူ လူထု၏သယံဇာတအား ပြည်သူလူထုထံသို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားရေနံလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင် ရွက်ခြင်းလည်းပါဝင်ပါကြောင်း၊ မြေအောက်၊ ရေအောက်စွမ်းအင်သယံဇာတများကို ရှာဖွေ၊ တူးဖော် ထုတ်လုပ်ခြင်းသည်  နည်းပညာ၊ အရင်းအနှီးနှင့် စွန့်စားမှုများ လွန်စွာကြီးမားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ အကျိုးရှိစေရန်နှင့် စွန့်စားမှုများလျှော့ချနိုင်ရန် ခေတ်မီနည်းပညာများ အသုံးပြု၍ ရှာဖွေ၊ တူးဖော်ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း စသည့်လုပ်ငန်းစဉ်အားလုံးတွင် ဆောင် ရွက်နိုင်ရန်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍသည်အဓိကကျပါကြောင်း၊ သို့ဖြစ်ပါ၍ ရေနံ နှင့် သဘာဝဓာတ်ငွေ့များ ပိုမိုအကျိုးရှိထိရောက်စွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ် နှံလိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ သမဝါယမအသင်းအဖွဲ့များအား စွမ်းအင်ဝန်ကြီးဌာနမှ ဦးစီး လုပ်ကိုင်လျက်ရှိသည့် ကုန်းတွင်းလုပ်ကွက်များအနက် ၁၀ ကွက်တွင် ခေတ်မီနည်းပညာများ အသုံး ပြု၍ ဆောင်ရွက်ခွင့်ရရှိရန် နိုင်ငံတော်အစိုးရထံ တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုခွင့်ပြု ပေးခဲ့သည့် IOR-6(မြန်အောင်ဒေသ)သည်  ဒုတိယအကြိမ်မြောက်ခွင့်ပြုပေးခဲ့သော ကုန်းပိုင်းလုပ် ကွက်ဖြစ်ပါကြောင်း၊ ပထမလုပ်ကွက်ကို တိုင်းရင်းသားပိုင်ရေနံကုမ္ပဏီတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက ခွင့်ပြုပေးခဲ့ပြီး ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ် လုပ်နေနိုင်ပြီဖြစ်၍ ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိနေပါကြောင်း၊ ယခု ဒုတိယလုပ်ကွက်ဖြစ်သည့် မြန်အောင်ရေနံမြေသည် ပြည် အနည်ကျချိုင့်ဝှမ်းတွင်ပါဝင်၍ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့စပ်ကြားနေရာတွင် တည်ရှိပြီး အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပါကြောင်း၊ ယင်းဒေသမှ ရေနံစိမ်းများ တိုးတက်ရရှိရန် မျှော်မှန်းပြီး စက်သုံးဆီ များ ချက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံ သားပိုင် ရေနံကုမ္ပဏီများအနေဖြင့် နိုင်ငံတကာရေနံကုမ္ပဏီများအဆင့်သို့ တက်လှမ်းလာနိုင်ခြင်း၊ ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အားကောင်းလာခြင်း၊ ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်၏ စွမ်းအင်သယံဇာတများကို အကျိုးရှိ ထိ ရောက်စွာထုတ်ယူအသုံးချနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ယခုလို အခက် အခဲများကြားမှ အောင်မြင်စွာ စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ရေး ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပေး ကြသည့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် Myanmar Kinsanar Co.,Ltd ကုမ္ပဏီမှ တာဝန်ရှိ သူများကို အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနှင့် Myanmar Kinsanar Co.,Ltd တို့၏ တူညီသောဘုံရည်မှန်ချက်များ အောင်မြင်စေရန်ဆန္ဒပြုပါကြောင်း ပြောကြားပါသည်။

ထို့နောက် Myanmar Kinsanar Co., Ltd. ၏ Director က ကျေးဇူးတင်စကားပြောကြားပြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Myanmar Kinsanar Co., Ltd. ၏ Managing Director တို့က ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ-၂ အတွက် တိုးတက်ထွက်ရှိလာသောရေနံထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စာချုပ်ကို လက်မှတ်ရေး ထိုးချုပ်ဆိုကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

 

Other News