News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် မင့်စ်မြို့ရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများသို့ သွားရောက်လေ့လာကြည့်ရှုခြင်း နေပြည်တော်၊ အောက်တိုဘာလ ၂၉ ရက်

29th Oct 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့်   မင့်စ်မြို့ရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများသို့ သွားရောက်လေ့လာကြည့်ရှုခြင်း

                                    နေပြည်တော်၊ အောက်တိုဘာလ ၂၉ ရက်

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသော နှစ်(၃၀)ပြည့် စွမ်းအင်နှင့်ဂေဟဗေဒ စနစ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက်  နှစ်နိုင်ငံ ရေးထိုးထားသည့် Roadmap အရ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နေ့ခင်းပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး နှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးက မိမိတို့နိုင်ငံတွင် နျူကလီးယားနှင့် သဘာဝ ဓာတ်ငွေ့ ၂ မျိုးမှ လျှပ်စစ်ဓာတ်အား အဓိကထုတ်လုပ်ပါကြောင်း၊ နျူကလီးယားဓာတ်အားပေး စက်ရုံနှင့်စပ်လျဉ်း၍ အတွေ့အကြုံများစွာရှိပါကြောင်း၊သဘာဝဓာတ်ငွေ့ကို ရုရှားနိုင်ငံမှ ဝယ်ယူသုံး စွဲနေရသဖြင့် ရှာဖွေထုတ်လုပ်ရေးပိုင်းတွင် အတွေ့အကြုံမရှိသော်လည်း သဘာဝဓာတ်ငွေ့ပို့လွှတ် ဖြန့်ဖြူးမှုနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်၊ ဖြန့်ဖြူးမှုတို့တွင်မိမိတို့အနေဖြင့် အကောင်းဆုံးသော နည်းပညာများရှိပြီးဖြစ်သဖြင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက နျူးကလီးယားဓာတ်အား‌ပေးစက်ရုံ လည်ပတ်နိုင်ရန်အတွက် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်လုပ်သားများနှင့် အင်ဂျင်နီယာများအား လေ့ကျင့်ပေးနိုင်ရေးသည် အရေးကြီးပါကြောင်း ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ဓာတ်အားပေးစက်ရုံများသို့ On Job Training စေလွှတ်သွားလိုပါကြောင်း၊  မကြာမီအချိန်တွင် မြန်မာနိုင်ငံ၌ ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်ကို စတင်အသုံးပြုတော့မှာဖြစ်သည့်အတွက် ပို့လွှတ်ရေးနှင့်စောင့်ကြည့်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို  ပိုမိုစနစ်ကျနိုင်ရန်အတွက် ကျွမ်းကျင်သောအင်ဂျင်နီယာများကိုစေလွှတ်၍ လုပ်ငန်းခွင် လက်တွေ့ သင်တန်းများ သင်ကြားပေးစေလိုပါကြောင်း၊ မဟာဓာတ်အားလိုင်းများအပါအဝင် ဓာတ်အားလိုင်း များနှင့် Switchyard များ ၊ Transformer များတွင် နည်းပညာဆိုင်ရာ ဓာတ်အားလေလွင့် ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့ အသုံးပြုနေ သည့် သက်တမ်းကြာမြင့်နေပြီဖြစ်သော  High Tension ကေဘယ်ကြိုးများကို ဘီလာရုစ်သမ္မတ နိုင်ငံမှထုတ်လုပ်သည့် လျှပ်ကူးမှုပိုမိုကောင်းမွန်ပြီး ကြံ့ခိုင်မှုကောင်းသည့် Composite ကေဘယ် များဖြင့် အစားထိုးလဲလှယ်အသုံးပြုသွားရန် စိတ်ဝင်စားပါကြောင်း၊ လျှပ်စစ်ဓာတ်အားနှင့် သဘာဝ ဓာတ်ငွေ့ဆုံးရှုံးလေလွင့်မှုများ လျော့ချနိုင်ရေးအတွက် အမြန်ဆုံးပူးပေါင်းဆောင်ရွက်သွားလိုပါ ကြောင်း၊ ဓာတ်မြေသြဇာစက်ရုံများ၏ စွမ်းဆောင်ရည် မြင့်မားရေး ၊ တိုးချဲ့တည်ဆောက်ရေးလုပ် ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခင်မင်ရင်းနှီးစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် မင့်စ်မြို့ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍတွင် အသုံးပြုသည့် ထရန်စဖော်မာ များ ထုတ်လုပ်သည့်စက်ရုံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားဖြန့်ဖြူးသည့် ကွန်ယက်များအား Design ပြုလုပ်သည့်ဌာန ၊ လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်၊ ဖြန့်ဖြူးနေသည့် Control Center များ ၊  လျှပ်စစ်ကေဘယ်ကြိုးများထုတ်လုပ်သည့်လုပ်ငန်းများနှင့် ရေနံဓာတုဗေဒ လုပ်ငန်းသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

Other News