သီတင်းကျွတ်ပွဲတော်ရုံးပိတ်ရက်ရှည်ကာလအတွင်း အများပြည်သူများ အဆင်ပြောချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး မြို့ကြီးများတွင် ဆီတင်ယာဉ်များအား အရန်သင့်ထားရှိ
နေပြည်တော်၊ အောက်တိုဘာ၊ ၂၄ ရက်
သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အများပြည်သူများ အဆင်ပြေ ချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ အခက်အခဲမရှိ ခရီးသွားလာနိုင်ရေးအတွက် ခရီးသွားလာမှုများပြား သည့် လမ်းကြောင်းများပေါ်ရှိမြို့ကြီးများတွင် စက်သုံးဆီတင်ယာဉ်များဖြင့် အရန်ဆီများကြိုတင် ထားရှိပြီးဖြစ်ပါသည်။
အများပြည်သူတို့အနေဖြင့် စက်သုံးဆီများကို သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက်တွင် ဝယ်ယူနိုင်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။