News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ Smart Meter ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက် လေ့လာခြင်း ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့

07th Jun 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ရှိ  Smart Meter ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက် လေ့လာခြင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် ခရီးစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ရက် နေ့ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏  Smart Meter ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ  စက်ရုံအတွင်း ဆောင်ရွက်နေမှု လုပ်ငန်း စဉ်များအား လိုက်လံရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံတွင်လက်ရှိအသုံးပြုနေသည့် စနစ် တွင်ပေါင်းစပ်ပြီး အဆင့်မြှင့်တင်ရာ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့်အပေါ် ကြိုဆိုပါကြောင်းနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် Inter Rao Co., Ltd. မှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံ၍ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များအား စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ပြုပြင်နိုင်သည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့လေလွင့်ဆုံးရှုံးမှုများ လျော့ချနိုင်ရန်အတွက် တာဘိုင်များအား ပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နည်းပညာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို  လာ ရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

Other News