News

Home News detail

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေး နိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

04th May 2026

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေး နိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်မှ အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့ ညနေပိုင်း၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၆) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံအလိုက် စက်သုံးဆီအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထု ၏ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းစဉ်များသည် တည်ငြိမ်လာ ခဲ့ပြီး ဈေးနှုန်းများကိုလည်း မျှတစွာစီမံဆောင်ရွက်ပေးနိုင်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍများအတွက် စက်သုံးဆီများကို စနစ်တကျ စီမံ ခန့် ခွဲ သွားမည့်အစီအမံများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG)များကို ၁ ကီလိုဂရမ်လျှင် ၂၇၃  ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေး နေပါ ကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့် အပြင် အာဆီယံနိုင်ငံများထဲတွင် အချိုသာဆုံးဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များကို သုံးစွဲခြင်းဖြင့် လောင်စာဆီကုန်ကျမှုမှာ သက်သာမှုရှိသည့်အတွက်  CNG သုံး Taxi ယာဉ် များအနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေ လို ပါကြောင်း၊ YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြု ထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေး  တာဝန်ရှိသူများမှ ကြပ် မတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။

ဆက်လက်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရေး မျှောစာထုတ်ပေးရာ တွင် Application ရေးဆွဲပြီး QR Code စနစ် အသုံးပြုနိုင်ပြီဖြစ်သဖြင့် စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်စေပြီး ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်စေလျက်ရှိခြင်းတို့ ပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင် တော့ မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့်  စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုများစွာ လျော့ နည်းသွားမည် ဖြစ် ပါ ကြောင်း၊ ဆက်လက်ပြီး မြစ်တွင်းသွားရေယာဉ်များ အတွက် စက်သုံး ဆီ ဖြန့် ဖြူး ပေး ရန် အတွက် လည်း စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲပြီးဖြစ်၍ မကြာမီထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက် မှုသည် အဓိက ဖြစ်ရာ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းမှသာ ပြည်သူလူထု လေးစား အားကိုး ယုံ ကြည်မှု ရရှိမည် ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေသည့် ဝန်ထမ်း များ၊ Stakeholder များအနေဖြင့် စေတနာထားဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စက်သုံးဆီသုံးစွဲမှုစနစ်အား ကြပ်မတ်ထိန်းကျောင်းပေးနေမှု၊ မလိုလားအပ်သောနေရာများသို့ စက်သုံး ဆီများ ရောက်ရှိမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှုအခြေအနေများအားလည်းကောင်း၊  ရန် ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ ရန်ကုန်စီးတီးတက္ကစီ အသင်း (YCTA) နှင့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီတို့မှ တာဝန် ရှိသူများမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေး ဆောင်ရွက် သွားမည့် အခြေအ နေများကို လည်းကောင်း၊ ကမ်းရိုးတန်းသွားသင်္ဘောပိုင်ရှင်များအသင်း၊ ပင်လယ် ကမ်းဝေး ငါးဖမ်း လုပ်ငန်း ရှင်များအသင်း၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူ များမှ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးကျော်နိုင် ဝင်း က စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ဖြည့်စွက် ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေး ခဲ့ပါ သည်။

ယနေ့အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန် ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူး ရေးအသင်း မှ တာဝန် ရှိ သူ များ၊ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ အများ ပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် YCTA နှင့် YBS တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့်  ကြီးကြပ်မှုအောက် တိုင်းဒေသကြီး/ပြည် နယ် များရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Other News