လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို အထူးအလေး ထား၍ အားပေးလျက်ရှိသည်နှင့်အညီ နိုင်ငံသားလုပ်ငန်းရှင်များကို ရေရှည်တွင် နိုင်ငံတကာစွမ်းအင် ကုမ္ပဏီကြီးများ၊ အဖွဲ့အစည်းကြီးများအဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် ရည်မျှော်လျက် ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ နိုင်ငံတော်အစိုးရအနေဖြင့် အားပေးကူညီသည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
ပြည်ထောင်စုဝန်ကြီးက ဤတွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အကြီးအကဲ၏ စဉ်ဆက်မပြတ် လမ်းညွှန်နေသည့် ကုန်ထုတ်လုပ်မှု တိုးမြင့်လာစေရန်၊ တိုင်းရင်းသားလုပ်ငန်းရှင်ကြီးများ၏ ငွေကြေး များကို ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံကြရန် ရည်မှန်းချက်များကို အကောင် အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုအတွက် ကုန်ထုတ်လုပ်မှုကို အထောက် အကူဖြစ်စေသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရန် အရေးကြီးပါကြောင်း၊ သို့မှသာ ရင်းနှီးမြှုပ်နှံ သည့် ငွေကြေးများသည် လည်ပတ်နေမည်ဖြစ်ပြီး နိုင်ငံတော်စီးပွားဖွံ့ဖြိုးမှုတွင် အထောက်အပံ့ဖြစ် လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ ငွေကြေးလည်ပတ်စီးဆင်းမှုကို အထောက်အကူများဖြစ်စေသည့် လျှပ် စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလာကြစေရန် ယခုဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် အသေးစားရေအားလျှပ်စစ်စီမံကိန်းများ၊ နေ ရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်းများ၊ လေအားလျှပ်စစ်စီမံကိန်းများ၊ ကျောက်မီးသွေး သုံးဓာတ်အားပေးစီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်း များ၊ ရေတိမ်ပိုင်း ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မဟာဓာတ် အားလိုင်း တည်ဆောက်သွယ်တန်းခြင်း လုပ်ငန်းများ၊ ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းများ၊ အမိုးတင်ဆိုလာလုပ်ငန်းများ၊ ရေပေါ်ဆိုလာဓာတ်အားပေးစက်ရုံများ၊ ရေစုပ်တင်သို လှောင်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ စသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် ရင်းနှီး မြှုပ်နှံသွားစေလိုကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက်မှုမှတစ်ဆင့် ပြည်သူတစ်ရပ် လုံးပါဝင်လာနိုင်သည့် လုပ်ငန်းအထိ တက်လှမ်းဆောင်ရွက်နိုင်အောင် စည်းရုံးခြင်း၊ ပံ့ပိုးကူညီခြင်း၊ အစီအမံကိုလည်း ရေးဆွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံချင်းချိတ်ဆက် သည်အထိ ရည်မှန်းထားပြီး စွမ်အင်ကဏ္ဍအတွက် Energy Trading အထိ ရည်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် Working Group များ ဖွဲ့စည်းဆောင်ရွက်သွားလိုကြောင်းနှင့် အနာဂတ်မြန်မာနိုင်ငံတော်တွင် လျှပ် စစ်နှင့် စွမ်းအင်ကဏ္ဍလုံခြုံမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ဆွေး နွေးပွဲတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံနိုင်သည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားသုံးငွေစီမံ ခန့်ခွဲမှုဌာနကြီးတို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်/စွမ်းအင်ကဏ္ဍနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော ပြည်တွင်းကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။