News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ (၃၀) ကြိမ်မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဖိုရမ်သို့တက်ရောက်ခြင်း နှင့် နှစ်နိုင်ငံအကြား Roadmap on Cooperation လက်မှတ်ရေးထိုးခြင်း

27th Oct 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ (၃၀) ကြိမ်မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဖိုရမ်သို့တက်ရောက်ခြင်း နှင့် နှစ်နိုင်ငံအကြား                    Roadmap on Cooperation လက်မှတ်ရေးထိုးခြင်း

                                    နေပြည်တော်၊ အောက်တိုဘာလ ၂၇ ရက်                                   

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင်ကျင်းပသော (၃၀) ကြိမ်မြောက် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ရန်  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် မင့်စ်မြို့သို့ရောက်ရှိခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖိုရမ်သို့ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ တက်ရောက်၍ ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေး Plenary  section သို့  Developing Energy , Developing the Economy ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏တည်ရှိနေမှု ပထဝီအနေအထားအရ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်စပ်ပေးလျက်ရှိသည့် တံတားသဖွယ်ဖြစ် နေ၍ ယင်းအခွင့်အလမ်းကို အသုံးချပြီး စွမ်းအင်ဆိုင်ရာ ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက် နိုင်ရန်အတွက် အဆွေတော်နိုင်ငံများအား မိမိတို့ မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များထိုက်သင့်သည့် ပေါကြွယ်ဝမှု ရှိသည့်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်၊ ထုတ်လုပ်ရေးတွင်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် စိန်ခေါ်မှုများစွာရှိနေသည့်အတွက် ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဦးစွာဆောင်ရွက်ရာမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အသုံးချခြင်း၊ သဘာဝဓာတ်ငွေ့ရည်ဆိုင်ရာ ကိစ္စရပ် များ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရေနံချက်စက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ် ဓာတ်အား သုံးစွဲနိုင်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာဆိုင်ရာ သင်ကြားကူညီမှု၊ လူ့စွမ်းအားရင်းမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေမှု စသည်တို့ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍဖွံဖြိုးတိုးတက် လာစေရေးအတွက် ရင်းနှီးမြုပ်နှံမှုများ ပိုမိုပါဝင်လာစေခြင်း၊ သင့်လျော်သော ခေတ်မီ နည်းပညာများ အသုံးပြုခြင်း၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ ကို ရေရှည်ချမှတ် ဆောင်ရွက်ခြင်းဖြင့် စွမ်းအင်လုံခြုံရေးကို တိုးတက်စေပြီး အနာဂတ်အတွက် ယုံကြည် စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ စွမ်းအင်အဖြစ် တိုးတက်လာမှာ ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ ပါသည်။

ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ကြား Roadmap on Cooperation လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ Roadmap on Cooperation နှစ်နိုင်ငံကြား  

မဟာဓာတ်အားလိုင်းများအားအဆင့်မြှင့်တင်ခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်းနှင့်ဖြန့်ဖြူး ခြင်းတွင် ဖြစ်ပေါ်နိုင်သည့် လေလွင့်ဆုံးရှုံးမှုများ(Losses)  လျှော့ချရေး နည်းပညာနှင့် ရင်းနှီးမြှူပ်နှံမှုများပူးပေါင်းဆောင်ရွက်ခြင်း၊Smart Power Generation နှင့် Smart Grid တို့ဖွံ့ဖြိုးလာစေရေးအတွက် နည်းပညာများ အကူအညီပေးခြင်း၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍနှစ်ရပ်လုံးတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးလာရေးအတွက် ဘယ်လာရုစ်နိုင်ငံ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ တက္ကသိုလ်များသို့  သင်တန်းသားများစေလွှတ်၍ သက်ဆိုင်ရာဘာသာရပ်များ လေ့ကျင့်သင်ကြားခြင်း စသည်တို့ပါဝင်ကြောင်း သိရှိရပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် Energy Expo တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆိုင်ရာပြခန်းများ အားလေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်၊

Other News