News

Home News detail

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား ကမ္ဘောဒီးယားနိုင်ငံ၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Cheap Sour ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

17th Nov 2026

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား

ကမ္ဘောဒီးယားနိုင်ငံ၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Cheap Sour ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်ဂါရဝပြုတွေ့ဆုံ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်အား ကမ္ဘောဒီးယား နိုင်ငံ၊ သတ္ထုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Cheap Sour ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ညနေပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရေနံ့သာခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

         တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိသဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်လျက်ရှိသည့် ကမ်းလွန်လုပ်ကွက်များ၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရန် အလားအလာကောင်းသော ကမ်း လွန်လုပ်ကွက်များနှင့် လစ်လပ်လျက်ရှိသော ကမ်းလွန်လုပ်ကွက်များတို့တွင် ကမ္ဘောဒီးယား နိုင်ငံမှ ရင်းနှီးမြှုပ်နှံများပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ကမ္ဘောဒီးယားနိုင်ငံတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်အရင်းအမြစ်များ ပေါင်းစပ်အသုံးပြုလျက်ရှိ သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်နှင့်  လာအိုနိုင်ငံတို့မှ လျှပ်စစ်ဓာတ် အားချိတ်ဆက်ရယူနေရမှုအခြေအနေများ၊ ကမ္ဘောဒီးယားနိုင်ငံတွင် တည်ဆောက်လျက်ရှိ သည့် Power Plant အတွက်  လိုအပ်မည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံ၏ လက်ရှိသွယ် တန်းထားရှိသည့် ပိုက်လိုင်းနှင့် အခြေခံအဆောက်အအုံများကို အသုံးပြု၍ LNG နှင့် သဘာ ဝဓာတ်ငွေ့ရောင်းဝယ်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လျှပ်စစ် နှင့်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိစ္စတို့နှင့် ပတ်သက် ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

         အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Other News