News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AI Faheem အား လက်ခံတွေ့ဆုံ

24th Jun 2025

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AI Faheem အား လက်ခံတွေ့ဆုံ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာအာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AI Faheem အား ယနေ့မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံ့သာ ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အလားအလာရှိပြီး အာမခံချက် ကောင်းမွန်သည့် ကမ်းလွန်လုပ်ကွက်များရှိပါကြောင်း၊ အဆိုပါကမ်းလွန်လုပ်ကွက်များတွင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနှင့် မြန်မာ-ယူအေအီး စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်နှင့် မြန်မာ-ယူအေအီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အကာ အကွယ်ပေးရေး သဘောတူစာချုပ်များကို နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေးအတွက် ချုပ်ဆိုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိနေပါကြောင်း၊  မြန်မာ-ယူအေအီးနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားဆက်သွယ်ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးပြောကြားသည့်အပေါ် သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စာချုပ်ချုပ်ဆိုနိုင်ရေးကိစ္စများ လျင်မြန်စွာ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံရန်အတွက် သိရှိလိုသည်များကို ဝေမျှပေးရန် တောင်းဆိုပါကြောင်း၊ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင် အခြားစီးပွားရေးကိစ္စများတွင်ပါ ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာဆွေးနွေး ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီး ဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News