စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးငလျင်ကြီးဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေး
၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးငလျင်ကြီး ဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ အိမ်ရာများနှင့် ယာယီကယ်ဆယ် ရေးစခန်းတွင် ဝန်ထမ်းများအားနေရာချထားမှုအခြေအနေများကို ယနေ့ညနေပိုင်းတွင် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေရှိ အပြာရောင်အဆင့် သတ်မှတ်ထားရှိသော မန္တလေးငလျင်ကြီးဒဏ်သင့် ဝန်ထမ်းအိမ်ရာများ၏ ပြုပြင်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအားတွေ့ဆုံအားပေး၍ လို အပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြေငလျင်ဘေးဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းနှင့် မိသားစုများအား နေရာချထားပေးသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်ရှိ Myanmar Secure Group (MSG) Company Limited ဝင်းအတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းအမှတ်(၂)သို့ သွားရောက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှခွဲဝေရရှိသည့် Container House များ တပ်ဆင်တည် ဆောက်ပြီးစီးမှုအခြေအနေများ၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးသည့် Modular House Type 1 နှင့် Type 2 တို့တွင် ဝန်ထမ်းမိသားစုများ ပြောင်းရွှေ့နေရာချထားမှုအခြေအနေများ၊ ယာယီကယ်ဆယ်ရေးစခန်းအတွင်း ရေ၊ မီး၊ မိလ္လာ စနစ်များကောင်းမွန်စေရေး၊ ဝန်ထမ်းများ ချက် ပြုတ်စားသောက်ရေးအဆင်ပြေစေရန် Portable Gas မီးဖိုများ ဖြန့်ဝေပေးထားမှု၊ ရေသန့်စက် တပ် ဆင်အသုံးပြုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အနေဖြင့် မိမိတို့နေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ရှိအခြေအနေမှ အမြန်ဆုံး ပြန်လည်ရုန်းထနိုင်ရေး စိတ်ဓာတ်ကြံ့ခိုင်စွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြစေလို ကြောင်း လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာများအနက် အပြာရောင် အဆင့်သတ်မှတ်ထားရှိသော မန္တလေးငလျင်ကြီးဒဏ်သင့် တိုက်၊ အိမ်ရာနှင့် အဆောင် စုစုပေါင်း(၂၀)လုံး ရှိပြီး လက်ရှိအချိန်အထိ ၉၀ ရာခိုင်နှုန်းကျော် ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါ တိုက်၊ အိမ်ရာနှင့် အဆောင်များတွင် ဝန်ထမ်း မိသားစုများ ပြန်လည်နေထိုင်လျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့် တိုက်၊ အိမ်ရာနှင့် အဆောင် များကိုလည်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ရာနှုန်းပြည့် ပြုပြင်ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။