စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး (၄၀) ဦးတို့အတွက် ချီးမြှင့်ထောက်ပံ့ငွေပေးအပ်
နေပြည်တော်၊ မေလ ၈ ရက်
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီး ဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး(၄၀)ဦးတို့အတွက် ချီးမြှင့်ထောက်ပံ့ငွေပေးအပ် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန် ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ တာဝန်ရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အားပေးစကားပြောကြားရာ မန္တလေးငလျင်ကြီး ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့ကြသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်း သူများအပေါ် ကြီးမားသည့်သက်ရောက်မှုရှိခဲ့ပါကြောင်း၊ မိမိတို့အားလုံးမမျှော်လင့်ထားသည့် သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့သော်လည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ အောင် ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် မိမိတို့ဝန်ကြီးဌာနရှိ ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးသည် တက္ကသိုလ်ဝင်စာမေးပွဲအား အခက်အခဲများကြားမှ ယခုလိုရာနှုန်းပြည့်ပြန်လည်ဖြေဆိုကြမည့်အပေါ် ဝမ်းမြောက်မိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် ဆုံးဖြတ်ချက်မှန်ကန်စွာချခဲ့သည့် ကျောင်းသား၊ ကျောင်းသူ များ၊ ကြီးကြပ်ထိန်းကျောင်းပေးသည့် မိဘများကိုလည်း ချီးကျူးလိုပါကြောင်း၊ အခြားနိုင်ငံများ တွင်လည်း သဘာဝဘေးအန္တရာယ်များကြောင့် စာမေးပွဲပြန်လည်ဖြေဆိုခဲ့သည့် သာဓကများရှိပါ ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုခြင်းကို တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် အခွင့် အရေးအဖြစ်သတ်မှတ်ကာ ကြိုးစားအားထုတ်ကြစေလိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်အနေဖြင့် လေ့ကျင့်သင်ကြားရေး စခန်းများဖွင့်လှစ်၍ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများ အနီးကပ်သင်ကြားပို့ချပေးခြင်း၊ ရုပ်သံလိုင်း များမှတစ်ဆင့် သင်ခန်းစာများ ထုတ်လွှင့်သင်ကြားပြသပေးခြင်းများအပြင် ပုဂ္ဂလိကစာသင်ကျောင်း များမှလည်း ပညာဒါနစာသင်ဝိုင်းများ သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ လေ့ကျင့် သင်ကြားရေးစခန်းများမှ သင်ကြားမှုပြီးစီး၍ ပြန်လည်ရောက်ရှိချိန်တွင် စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် နေရာထိုင်ခင်း၊ အစားအသောက်၊ Online Facility များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း မိမိတို့ ရည်မှန်းချက်များအောင်မြင်စေရန် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြိုးစားဖြေဆိုကြရန် တိုက်တွန်းလိုပါ ကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် အခက် အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ မတိုင်မီနှင့် စာမေးပွဲဖြေဆို ချိန်အတွင်း လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ဝန်ထမ်းများနှင့် ဝန်ထမ်း သား/သမီး (၄၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၁၂၀) အား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။