News

Home News detail

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းကျောင်းဖွင့်လှစ်မည့်နေရာအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကြည့်ရှုစစ်ဆေးသည့်သတင်း

29th Jun 2024

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှု သင်တန်းကျောင်းဖွင့်လှစ်မည့်နေရာအား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂ ခုနှစ် ၊ ဇွန်၂၉ ရက်

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂ ခုနှစ်၊ ဇွန်၂၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ စွမ်းအင်ရိပ်သာသို့သွားရောက်၍ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်နိုင်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါ သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဧည့်ရိပ်သာခန်းမတွင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဧည့်ရိပ်သာတည်ဆောက်ထားမှုအခြေအနေ၊ မြေပိုင်ဆိုင်မှုနှင့် နှစ်အလိုက်ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေတို့အားရှင်းလင်းတင်ပြပြီး မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဧည့်ရိပ်သာအားပြုပြင်မွမ်းမံပြီး လေ့ကျင့်သင်ကြားရေးအသုံးစရိတ်များ (Training Expenditures) ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေ များ (Research and Development Fund) တို့ဖြင့် စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း အဖြစ် ပြောင်းလဲဖွင့်လှစ်မည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရေးတွင် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးစေရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်ရေးတို့သည် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရေနံတူးဖော်မှုကို ၁၈၈၆ ခုနှစ် ကတည်းကစတင်၍လုပ်ကိုင်ခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်းများစွာကြာမြင့် ခဲ့ပြီဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်သည် နိုင်ငံတကာရေနံ ကုမ္ပဏီများနှင့်နှိုင်းယှဉ်ပါက များစွာနှေးကွေးလျက်ရှိသည်ကိုတွေ့မြင်နိုင်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ချက်လုပ်ခြင်း အခန်းကဏ္ဍ ၃ မျိုးလုံးတွင် ခေတ်မီနည်းပညာ များကိုအသုံးပြုနိုင်ရန်ကြိုးစားကြရမှာဖြစ်သည့်အပြင် မိမိတို့ အခြေအနေနှင့်ကိုက်ညီသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းခွင်ကိုဖော်ဆောင်နိုင်ရန်အတွက် သုတေသနနှင့် ဖွံဖြိုးမှုလုပ်ငန်းများကို စိတ်ပါဝင်စား စွာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ တီထွင်ဆန်းသစ်မှုများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံတကာရေနံတူးဖော် ထုတ်လုပ်ရေးကုမ္ပဏီကြီးများ ပူးပေါင်းဆောင်ရွက် သည့်စီမံကိန်းများတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ အားကောင်းလာစေရေးအတွက် အားပေးအားမြှောက်ပြုထားသည်များသီးခြားရှိပြီး ဖြစ်ရာ ထိရောက်စွာအသုံးပြု၍ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်းထူထောင်ပြီးဆောင်ရွက် ကြရမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

          ယခုသင်တန်းကျောင်းကို နိုင်ငံတကာရှိ စွမ်းအင်သင်တန်းကျောင်းများ၏ စံချိန်စံညွှန်းများ နှင့်အညီ ဖွင့်လှစ်သင်ကြားနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပြီး ရေနံ ရှာဖွေ တူးဖော် ထုတ်လုပ်ခြင်း နှင့်သက်ဆိုင်သည့် အင်ဂျင်နီယာနှင့် ဘူမိဗေဒဘာသာရပ်များ၊ ပိုက်လိုင်းကွန်ယက်များနှင့် စပ်လျဉ်း သည့် အင်ဂျင်နီယာဘာသာရပ်များ၊ ရေနံချက်လုပ်ခြင်း၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ဥပဒေပညာ၊ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှု ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

Other News