News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့ ကာဇက်စတန်နိုင်ငံ၊ Astana မြို့မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ဆက်လက်ထွက်ခွာ ခြင်းနှင့် Roscongress Investment (RCI) နှင့်တွေ့ဆုံဆွေးနွေးသည့်သတင်း

07th Oct 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization)သို့ တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံ၊ မော်စကို မြို့တွင်ကျင်းပမည့် (၆)ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် Russia Energy Week International Forum (REW) သို့တက်ရောက်ရန်၊ ယမန်နေ့နံနက်တွင် မော်စကို မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းသမ္မတ၏လက်ထောက် အကြံပေးနှင့် ရုရှားနည်းပညာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ဒုတိယအဖွဲ့ခေါင်းဆောင် Mr. Segey Vladimirovish ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ Roscongress Investment (RCI) အားလက်ခံတွေ့ဆုံ၍ စွမ်းအင်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် Mr. Segey Vladimirovish မှ မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များရှိခဲ့ပြီး အဆိုပါကိစ္စရပ်များ အပေါ်အရှိန်မြင့်တင်ဆောင်ရွက် သွားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေနံချက် စက်ရုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးလိုပါကြောင်း၊ ရေနံချက်စက်ရုံ အသစ်တည် ဆောက်ခြင်းအတွက်  ရေနံတင်သင်္ဘောကြီးများဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်း မဖြစ်မနေလို အပ်ပါကြောင်း၊ ရေနံစိမ်း တန်ချိန်များများသယ်ယူချက်လုပ်နိုင်မှသာ စီးပွားရေးအရ တွက်ခြေကိုက် မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဗလာဒီဗော့စတော့၌ကျင်းပမည့် Energy Forum သို့ တက်ရောက် ရန်အတွက် မြန်မာနိုင်ငံမှတာဝန်ရှိသူများအားဖိတ်ကြားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေး သွားကြ မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရုရှားနိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံများနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ကဏ္ဍ တစ်ခုခြင်းစီအလိုက် ဆက်သွယ်ရမည့် Focal person များထားရှိပေးထားပြီးဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းလမ်းများရှာဖွေ ဆောင်ရွက် သွားကြရန်လိုပါကြောင်း၊ ရုရှား ဖက်မှလည်း Focal person များထားရှိပေးစေလိုပါကြောင်း၊ သို့မှသာ နှစ်နိုင်ငံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့်တင် ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် သဘာဝသယံဇာတ အရင်းအမြစ်များကို ထိရောက်စွာ ဖော်ထုတ် အသုံးပြုနိုင်ခြင်းကြောင့် တိုးတက်ဖွံ့ဖြိုးလာသည်ဟု ရှင်းပြမှုအပေါ်တွင် လွန်စွာအား ကျမိပါ ကြောင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ရေးနှင့် ပါတ်သက်၍ Refinery Process များသည် တိုးတက်ဖွံ့ဖြိုးလာသည်ဖြစ်ရာ ထည့်သွင်းလိုက်သည့်ရေနံစိမ်းအား  လေလွင့်ဆုံးရှုံးမှု အနည်း ဆုံးနှင့်် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် လောင်စာဆီများ ထုတ်လုပ်နိုင်သည့် နည်းစနစ်များ အပေါ်တွင် သေခြာစွာ ဆွေးနွေးလိုပါကြောင်း၊ သို့မှသာ စီးပွားရေးအရ တွက်ခြေ ကိုက်မည် ဖြစ်ပါ ကြောင်း၊ မိမိရုရှားနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စွမ်းအင်ကဏ္ဍနှင့်စပ်လျဉ်းသည့် ဆွေးနွေး ပွဲများ ပြုလုပ်ခြင်း၊ စက်ရုံများသို့ သွားရောက်လေ့လာခြင်းများကို  ဆောင်ရွက်နိုင်ရန် အတွက် ကူညီပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ယခင်ကတည်းက စစ်မှန်သည့် မိတ်ဆွေနိုင်ငံများဖြစ်သည့်အားလျော်စွာ အနာဂတ်ကာလတွင်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

Other News