News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၏ နိုင်ငံပိုင်ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့်ရှာဖွေရေးအဖွဲ့ ဖြစ်သည့် ROSGEO တို့ တွေ့ဆုံဆွေးနွေးသည့်သတင်း

10th Oct 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့

 

          (၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက် ရောက်ရန် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ၏နိုင်ငံပိုင် ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့်ရှာဖွေရေး အဖွဲ့ဖြစ်သည့် ROSGEO ၏ နိုင်ငံတကာလုပ်ငန်းများဌာနကြီးမှူး မစ္စတာအလက်ဇန်းဒါး (Mr.  Alexander) ဦးဆောင် သောအဖွဲ့နှင့် နည်းပညာဆိုင်ရာအစည်းအဝေးအား ROSGEO Research Institute တွင်ပြုလုပ် ခဲ့ပါသည်။

          တွေ့ဆုံစဉ် ROSGEO ၏ နိုင်ငံတကာလုပ်ငန်းများဌာနကြီးမှူး မစ္စတာအလက်ဇန်းဒါးမှ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရေနံရှာဖွေရေးနည်း ပညာများကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ROSGEO သည် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံမှ ရာနှုန်းပြည့်ပိုင်ဆိုင်သော ဘူမိသိပ္ပံစူးစမ်းလေ့လာရေးနှင့် ရှာဖွေရေးအဖွဲ့ဖြစ်ပါကြောင်း၊ ရေနံ၊ ဓာတ်သတ္တု ရှာဖွေ‌ရေးနှင့်သက်ဆိုင်သော ဘူမိရူပဗေဒလေ့လာခြင်း၊ တွင်းတူးဖော်ခြင်း၊ ကမ်း လွန်ဆိုက်စမစ်နှင့် မြေဆွဲအားတိုင်းတာခြင်း၊ ဘူမိဗေဒဆိုင်ရာစူးစမ်းတိုင်းတာခြင်းနှင့် သုတေသနဓာတ်ခွဲခြင်းလုပ်ငန်း များ လုပ်ဆောင်ပါကြောင်း၊ ROSGEO တွင်ဝန်ထမ်း ၂၀၀၀၀ ကျော်ရှိပြီး နေရာဒေသ ၄၀ ကျော်တွင် လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါကြောင်း၊ လက်အောက်ခံ ကုမ္ပဏီ ၆၄ ခုရှိ၍ နိုင်ငံတကာ တွင်လုပ်ငန်းများပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တူးဖော်ပြီးရေနံတွင်း ဟောင်းများမှ Low Potential Layer များအား ဉာဏ်ရည်တု (AI နည်း ပညာသုံးဆော့ဝဲလ်) နည်းပညာအသုံးပြု၍ ရေနံထုတ်ယူနိုင်မည့်နည်းပညာကိုလည်းကောင်း၊ တိုင်းတာပြီးအချက်အလက် အားလုံးကိုစုစည်း၍ ဘူမိအနယ်ကျချိုင့်ဝှမ်း (Sedimentary Basin) အားခွဲခြမ်းစိတ်ဖြာလေ့လာ ဆောင်ရွက်ပြီး ရေနံမြေအသစ်များ ဖော်ထုတ်နိုင်မှုကိုလည်းကောင်း၊ 2D, 3D ဆိုက်စမစ်တိုင်းတာ ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်မှုနှင့် တိုင်းတာရရှိသည့် အချက်အလက်များအား အကဲဖြတ်ခြင်း လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မည့် အလားအလာရှိသော နေရာများအား ဖော်ထုတ်ပေးနိုင်မှုကိုလည်းကောင်း၊ ဘူမိဗေဒဆိုင်ရာ 3D မော်ဒယ်တည်ဆောက် ပေးနိုင်မှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

Other News