လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များနှင့် စက်သုံးဆီသိုလှောင်စခန်းများအား ကွင်းဆင်းစစ်ဆေးခဲ့မှုသတင်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် စစ်ဆေးရေးအရာရှိချုပ်နှင့်အတူ ၂၀-၈-၂၀၂၆ ရက်နေ့၊ နေ့လည် ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့သို့သွားရောက်၍ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဝယ်ယူခွင့်(PO)အလိုက်စနစ်တကျရောင်းချမှုရှိစေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင်များသို့ စက်သုံးဆီများအချိန်မီရောက်ရှိစေရေး၊ တရားမဝင်ရောင်းချမှုများမရှိစေရေး စနစ်တကျစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် ကရင် ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြားခဲ့ပါသည်။
ဆက်လက်၍ ၂၁-၈-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ စက်သုံးဆီများ သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့် PPIP Terminal သို့ ရောက်ရှိပြီး မွန်ပြည်နယ်အတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီများ မသက်ဆိုင်သည့်နေရာများသို့ရောက်ရှိမှု မရှိစေရေးအတွက် စက်သုံးဆီများကို သတ်မှတ် ချက်များနှင့်အညီ စနစ်တကျဖြန့်ဖြူးခြင်း ဆောင်ရွက်သွားရန် ဌာနမှတာဝန်ရှိသူများနှင့် PPIP Terminal မှတာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးတွင် စက်သုံးဆီတင် ယာဉ်များတွင် GPS တပ်ဆင်၍ စနစ်အတွင်းဝင်ရောက်ပြီး Active ဖြစ်သည့် ဆီတင်ယာဉ် များကိုသာ PPIP Terminal အတွင်းဝင်ရောက်ခွင့်နှင့် ဆီဖြည့်တင်းခွင့်ပြုစေရေး၊ စက်သုံး ဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးနှင့် ဆီတင်ယာဉ်များ သတ်မှတ် နေရာများသို့ အမှန်တကယ်ပို့ဆောင်ခြင်း ရှိ/မရှိ GPS လမ်းကြောင်းများအား Online Monitoring စနစ်ဖြင့်စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကာ မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုများ စနစ်တကျရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန် မွန်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိနှင့် တာဝန်ရှိသူများအား တွေ့ဆုံမှာကြား ခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများအနေဖြင့် တိုင်း ဒေသကြီး/ပြည်နယ်များရှှိရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ် ရေးဆပ်ကော်မတီများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသအလိုက် စက်သုံးဆီအရောင်းဆိုင် များတွင် Barcode / QR Code များကို Scan ဖတ်၍ သတ်မှတ်ချက်များနှင့်အညီ စနစ် တကျရောင်းချနိုင်ရေး၊ ဆီတင်ယာဉ်များ အားလုံးတွင် GPS တပ်ဆင်၍ GPS Platform တွင် Active ဖြစ်စေရေးနှင့် စက်သုံးဆီ သယ်ယူမှုလမ်းကြောင်းများ မှန်ကန်မှုရှိ/မရှိနှင့် သတ်မှတ် နေရာများသို့ရောက်ရှိမှု ရှိ/မရှိ GPS Tracking များအား စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင် များတွင် ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက်ပေးခြင်း၊ ဖြည့်တင်းပေးသည့် စက်သုံးဆီများကို သုံးစွဲသူများထံသို့ ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှု ကွင်းဆက် တစ်လျှောက်စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီများမသက်ဆိုင်သည့် နေရာများသို့ရောက်ရှိမှု မရှိစေရေးနှင့် စက်သုံးဆီဖြန့်ဖြူး မှုများ Real Demand ၊ Real PO ဖြစ်စေရေးတို့ကို စနစ် တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါ သည်။