News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ၊ ဦးကိုကိုလွင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တွင် စွမ်းအင်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

19th Dec 2023

စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ၊ ဦးကိုကိုလွင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တွင် စွမ်းအင်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည့်သတင်း

၂၀၂ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်

 

          စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ၊ ဦးကိုကိုလွင်သည် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ ရက် နေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)တွင် အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပိုမို၍အဆင်ပြေချောမွေ့စေရေးအတွက် ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (Compressed Natural Gas – CNG) အရောင်းဆိုင်များသို့ အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး နည်းပညာပိုင်းဆိုင်ရာကိစ္စရပ် များ၊ ရေနံချက်စက်ရုံများ စက်စွမ်းအား ပြည့်လည်ပတ်၍ စက်သုံးဆီအမြန်ဆုံးထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် စက်ရုံအလုပ်ရုံများသို့ သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေး နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          ရှေးဦးစွာ အထွေထွေမန်နေဂျာမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် CNG အရောင်း ဆိုင် ၄၁ ဆိုင်မှ ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားပုံမှန်ရရှိပြီး အရောင်းဆိုင်များမှ စွမ်းအားပြည့်ဖြန့်ဖြူးပေးနိုင်ရေး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေ၊ အရန်မီးစက်ဖြင့် CNG ဖြန့်ဖြူးပေးချိန်တွင် ဖြန့်ဖြူးမှုအကန့်အသတ်ဖြင့်ဆောင်ရွက်ပေးနေ ရသည့်အခြေအနေ၊ အများပြည်သူသုံးမော်တော်ယာဉ်များသို့ CNG ကိုသက်သာသောဈေးနှုန်းနှင့် ဖြန့်ဖြူး ပေးနေမှုအခြေအနေ၊ CNG ဖြည့်တင်းမှုအတွက် Mobile Application အသုံးပြု၍ အများပြည်သူသို့ အသိပညာပေးနိုင်ရန်ဆောင်ရွက်နေမှုအခြေအနေ၊ CNG အသုံးပြုခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ် လွှတ်မှုလျှော့ချနိုင်မှုအခြေအနေ၊ CNG ကိုပိုမိုလွယ်ကူလျှင်မြန်စွာဖြန့်ဖြူးပေးနိုင်ရေး သဘာဝဓာတ်ငွေ့ ထိန်းညှိဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတာဝန်ရှိသူများမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် CNG အရောင်းဆိုင် များသို့ သဘာဝဓာတ်ငွေ့ပြတ်လပ်မှုမရှိစေရေး ထိန်းညှိဖြန့်ဖြူးပေးနေမှုအခြေအနေ၊ ကမ်းလွန်သဘာဝ ဓာတ်ငွေ့နှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့တို့အား အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး နည်းပညာပိုင်း ဆိုင်ရာပေါင်းစပ်ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေ၊ စက်တင်ဘာလနှင့် ယခု ဒီဇင်ဘာလတို့၏ ကိန်း ဂဏန်းအချက်အလက်များနှိုင်းယှဉ်ချက်အရ အရောင်းဆိုင် ၄၁ ဆိုင်တွင် CNG ဖြည့်တင်းရန်စောင့်ဆိုင်း နေသော မော်တော်ယာဉ်အရေအတွက် ၅၀ % လျော့ချနိုင်မှုအခြေအနေ၊ ဝန်ထမ်းများ၏စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်းရှင်းလင်းတင်ပြခဲ့ပါသည်။

          တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နည်းပညာအကူအညီနှင့် သဘာဝဓာတ်ငွေ့အပူ စွမ်းအင်ထိန်းညှိဖြန့်ဖြူးရေးဆောင်ရွက်နေမှုအား ရေရှည်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုအပ် ကြောင်း၊  CNG အရောင်းဆိုင်များနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းခွင်သုံး Compressor ၊ Dispenser ၊ Generator ၊ ဖိအားထိန်းချုပ်ပစ္စည်းများ၏ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရေးနှင့် စက်အရန် ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိရေး ကြိုပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမှန်တကယ်အသုံးပြုလိုသော လုပ်ငန်းသုံးပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ဘဏ္ဍာငွေရရှိရေး ကြိုတင်တင်ပြရန်လိုပါကြောင်း၊ စက် ပစ္စည်းများ သက်တမ်းကြာရှည်စွာအသုံးပြုနိုင်ရေး  regular maintenance နှင့် preventive maintenance ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော မိမိတို့ ဝန်ကြီးဌာနလက်အောက်ရှိ ရေနံချက်စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် အဆင့်မြှင့်တင်ကာ စက်သုံးဆီနှင့် ရေနံထွက်ပစ္စည်းများအမြန်ဆုံးထုတ်လုပ်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ရင်နှီးမြှုပ်နှံမှုနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်းများနှင့် ဆွေး နွေးခြင်း၊ စက်ရုံပြင်ဆင်ရန်လိုအပ်ချက်အား အသေးစိတ်လေ့လာခြင်း၊ မွမ်းမံပြင်ဆင်ခြင်းတို့ကို အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်း၊ လက်ရှိစက်ရုံများ၏အခြေခံအဆောက်အဦများအားအခြေခံကာ စက်သုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြား ပေးရေးတို့ကို အသေးစိတ်အစီအမံများ ရေးဆွဲတင်ပြကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

          အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် အများ ပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုအဆင်ပြေစေရေးအတွက် သဘာဝဓာတ်ငွေ့သုံး CNG အရောင်း ဆိုင်များသို့ အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးနိုင်ရေး နည်းပညာဆိုင်ရာကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အဖွဲ့အား ဆုများချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

 

Other News