News

Home News detail

စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့် Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများစိစစ်ရောင်းချမှုများအပေါ် ကြည့်ရှုစစ်ဆေး

27th Mar 2026

စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေး အဆင့်မြှင့်တင်ထားသည့်           Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများစိစစ်ရောင်းချမှုများအပေါ် ကြည့်ရှုစစ်ဆေး

          ပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရေးနှင့် အရောင်း ဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလျှော့ချနိုင်ရေးတို့အတွက် အဆင့်မြှင့်တင်ထားသည့် Bar Code/QR Code စနစ်ဖြင့် ယာဉ်၏ စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့်အတိုင်း စက်သုံးဆီများ စိစစ်ရောင်းချခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များ တွင် ၂၇.၃.၂၀၂၆ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည်  ပြည်ထောင်စုဝန်ကြီးရုံး အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများအတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် Online ဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေမှုအခြေအနေများအား သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ပါသည်။

          Online Monitoring Center တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များရှိ အရောင်းဆိုင်များမှ ယာဉ်၏ စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပြုထားသည့် အတိုင်း စက်သုံးဆီများစိစစ်ရောင်းချပေးနေမှုများအား Online ဖြင့် စောင့်ကြည့်ထိန်းကျောင်းကြပ်မတ် လျက်ရှိပါကြောင်း၊ ယခု Bar Code/ QR Code စနစ်အား ရန်ကုန်-မန္တလေးလမ်းမကြီးတစ်လျှောက်ရှိ စက်သုံးဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက် အကောင်အထည်ဖော်နိုင်ရေး သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Bar Code/QR Code ဖြင့် Scan ဖတ်ယူရန် အခက်အခဲရှိသည့် ယာဉ်များ၊ လုပ်ငန်းသုံးမော်တော်ယာဉ်ငယ်များနှင့် အခြားလုပ်ငန်းသုံးကဏ္ဍများအတွက် လိုအပ်သည့် စက်သုံးဆီများကိုလည်း မှတ်တမ်းထားရှိ၍ ရောင်း ချပေးလျက်ရှိပါကြောင်း၊ အရောင်းဆိုင်များအနေဖြင့် ဝယ်ယူခွင့်ရှိသည့်ပမာဏများအတိုင်း ရောင်းချ ပေးလျက်ရှိပြီး အရောင်းဆိုင်များတွင် ပြတ်လပ်မှုမရှိစေရေး စီစဉ်ထားရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်များရှိ တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများနှင့် ဆက်စပ် ဌာနများမှ ပူးပေါင်းအဖွဲ့များဖြင့်လည်း အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အရောင်းဆိုင်များတွင် စက်သုံးဆီအလုံအလောက်ရှိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှု မရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူစေလိုပါကြောင်း၊ စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများရှိပါ က အောက်ဖော်ပြပါ ဖုန်းနံပတ်များသို့ တိုင်ကြားနိုင်ပါကြောင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်  အချိန်နှင့် တစ်ပြေးညီဖြေရှင်းဆောင်ရွက်ပေးသွားနိုင်ရေး Call Center ဖွင့်လှစ်ထားရှိပါကြောင်း သတင်းရရှိပါ သည်။

နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုပါက  ဆက်သွယ်ရန် Call Center ဖုန်းနံပတ်များ

ဖုန်း - ၀၉ ၄၄၀၄၃၃၃၂၄

          ၀၉ ၈၉၉၁၂၉၂၉၆၊

Viber - ၀၉ ၄၀၁၇၄၈၅၉၈

Other News