News

Home News detail

စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကွင်းဆက်(Supply Chain) အား စိစစ်ကြပ်မတ်လျက်ရှိ

06th Mar 2026

စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကွင်းဆက်(Supply Chain) အား စိစစ်ကြပ်မတ်လျက်ရှိ

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ်ရောက်ရှိစေရေးနှင့် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက်ပေးခြင်း၊ ဖြည့်တင်းပေးသည့် စက်သုံးဆီ များအားသုံးစွဲသူများသို့ ရောက်ရှိစေရေးအတွက် ဖြည့်တင်းမှု ကွင်းဆက်တလျှောက် စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီအရောင်းဆိုင်များ၏ လက်ကျန်ဆီအခြေအနေအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းနှင့် သီလဝါရှိ Terminal များ မှ စက်သုံးဆီများထုတ်ယူ ရောက်ရှိမှု အခြေအနေများအား စိစစ်ကြပ်မတ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူများအနေဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း မပြုလုပ်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ကြပါရန် စက်သုံးဆီအရောင်းဆိုင်များသို့ စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှလည်း စက်သုံးဆီအရောင်းဆိုင်များသို့ စစ်ဆေး ကြပ်မတ်လျက်ရှိခြင်းကြောင်း ယနေ့ညနေပိုင်းမှ စတင်၍ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီတန်းစီဝယ်ယူသည့် ယာဉ်အရေအတွက်များ လျော့နည်းလာကြောင်း တွေ့ရပါသည်။

          သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲတန်းစီဝယ်ယူခြင်း မပြုလုပ်ကြပါရန်နှင့် တန်းစီခြင်းကြောင့် အချိန်ကုန်ပြီး မလိုလားအပ်သော အခက်အခဲများဖြစ်ပေါ်စေနိုင်သော ကြောင့်  ပူးပေါင်းကူညီဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထားပါကြောင်းဖြင့် စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းရရှိပါသည်။

(သတင်းစဉ်)

Other News