News

Home News detail

စွမ်းအင်ဝန်ကြီးဌာနနှစ်(၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင်ပြတိုက်အား အများပြည်သူလေ့လာကြည့်ရှုနိုင်ရန်ဖွင့်လှစ်

25th Dec 2025

စွမ်းအင်ဝန်ကြီးဌာနနှစ်(၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်အနေဖြင့် စွမ်းအင်ပြတိုက်အား အများပြည်သူလေ့လာကြည့်ရှုနိုင်ရန်ဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝန်းအတွင်းတွင် စွမ်းအင် ဝန်ကြီးဌာန နှစ်(၄၀)ပြည့်ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် အနေဖြင့် စွမ်းအင်ပြတိုက်အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါစွမ်းအင်ပြတိုက်တွင် ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ကာလအထိ ခေတ်အလိုက် စုစည်း ပြသထားသော ပြကွက်များ၊ သမိုင်းကြောင်းများ၊ အထောက်အထားစာရွက်စာတမ်းများ၊ ပုံစံငယ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရေနံ တူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ရုပ်ကြွပုံစံငယ်များ၊ ကမ်းလွန်လုပ်ကွက် များနှင့် သန်လျင်ရေနံချက် စက်ရုံရာပြည့် အထိမ်းအမှတ်ပြခန်းများ၊ စက်ရုံပုံစံငယ်များ၊  စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့်ပြခန်းများကို ရုပ်လုံးရုပ်ကြွပုံစံငယ် များဖြင့် စနစ်တကျခင်းကျင်းပြသထားပါသည်။

အဆိုပါပြခန်းအား မြန့်မာ့စွမ်းအင်ကဏ္ဍ၏သမိုင်းကြောင်းများကိုသိရှိစေရန်၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုသိရှိစေရန်နှင့်  အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအတွက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တစ်နေရာ တည်းတွင် သိရှိလေ့လာနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး  တနင်္လာနေ့မှအပ၊ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အများပြည်သူနှင့် ကျောင်းသားကျောင်းသူများ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ပြသ ထားမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် ဗဟုသုတဖြစ်မည့် စာအုပ်စာတမ်းများနှင့် ၂ ပတ် တစ်ကြိမ်ထုတ်ဝေသည့် စွမ်းအင်သတင်းလွှာများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

 

 

Other News