News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီတို့ပူးပေါင်း၍ ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများဖွင့်လှစ်

16th Jan 2026

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်

အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီတို့ပူးပေါင်း၍ ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများဖွင့်လှစ်

၂၀၂ခုနှစ်၊ ဇန်နဝါရီ၁၆ ရက်

               စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီတို့ပူးပေါင်း၍ ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပိုက်လိုင်းပြုပြင် ထိန်းသိမ်းခြင်း သင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)၌ ကျင်းပ ပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန်သည်  ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဦးဆောင်ညွှန်ကြား ရေးမှူးများ၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့်အတူ တက်ရောက်ခဲ့ပါသည်။

               သင်တန်းဖွင့်ပွဲတွင် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ မှတ် တမ်းဗွီဒီယိုအား ဦးစွာကြည့်ရှုကြပြီးနောက် အမြဲတမ်းအတွင်းဝန်က စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း များ၏ Technical Skill များ တိုးတက်လာစေရန်၊ အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်၊ ထိန်းသိမ်းခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား အခြေခံ ကျကျ နားလည်သဘောပေါက်စေရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျင့်သုံးရမည့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ သိရှိလေ့လာနိုင်စေရန်နှင့် အရေးပေါ်တုံ့ပြန်နိုင် သည့် စွမ်းရည်များ တိုးမြင့်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းများအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ Pipeline Control ပိုင်းဆိုင်ရာ နည်းပညာများအပြင် မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ တည်ဆောက်ပုံ၊ လည်ပတ်ပုံနှင့် ထိန်းသိမ်းပြုပြုပြင်မှု လုပ်ငန်းများအား လေ့လာ သွားနိုင်မည်ဖြစ်ရာ သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် National Oil and Gas Information Center နှင့် Online Monitoring Center တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် စွမ်းအင် သင်တန်းကျောင်း တည်ထောင်သွားနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ အရှေ့တောင် အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီမှ ပါဝင်ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းလို ကြောင်း၊ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နှင့် သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား လိုက်နာကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ ဥက္ကဋ္ဌ Mr. Wang Qiang မှ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ နှစ်နိုင်ငံ ပြည်သူများအပေါ် မဟာ ဗျူဟာမြောက် အကျိုးဖြစ်ထွန်းမှုများနှင့် အရေးပါမှုများ၊ သင်တန်းဖြစ်မြောက်ရေး ကြိုးပမ်းဆောင် ရွက်ခဲ့မှုများ၊ သင်တန်းမှ ရရှိနိုင်မည့် နည်းပညာပိုင်းဆိုင်ရာ လက်တွေ့သင်ခန်းစာများနှင့် အတွေ့အကြုံ ကောင်းများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး အတူတကွပူးပေါင်းဆောင်ရွက်မှုများမှ အောင်မြင်သော အနာဂတ်အား ဖန်တီးနိုင်ရေးမျှော်လင့်ပါကြောင်းဖြင့်  ပြောကြားခဲ့ပါသည်။

               ထို့နောက် အမြဲတမ်းအတွင်းဝန်မှ သင်တန်းတက်ရောက်မည့် သင်တန်းသား/ သင်တန်းသူ များအား သင်ထောက်ကူပြုပစ္စည်းများပေးအပ်ကာ မဒဲကျွန်း ရေနံသိုလှောင်စခန်းနှင့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များအား ပြည်တွင်းနှင့် ပြည်ပသို့ ထိန်းချုပ်ဖြန့်ဖြူး ပေးနေသည့် Control Center အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း  သတင်းရရှိပါသည်။

Other News