News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေနှင့် ညောင်တုန်းရေနံဓာတ်ငွေ့ရည်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုအားပေး

01st Mar 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေနှင့် ညောင်တုန်းရေနံဓာတ်ငွေ့ရည်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၉ ရက်

         စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ ဌာနများမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီ တိုင်းဒေသကြီးရှိ ညောင်တုန်းနှင့် မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုနှင့် ထပ်မံတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေး ခဲ့ပါသည်။

         ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက မအူပင်တွင်းအမှတ်(၁၅) တွင်းဟောင်းအား သုတေသနပြု၍ သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်သည့်အခြေအနေနှင့် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မြန်မာပြည်(အောက်ပိုင်း)ဒေသများတွင် ကုန်းတွင်းပိုင်းရှာဖွေရေးလုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။

         ပြည်ထောင်စုဝန်ကြီးက မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိတွင်းဟောင်းအား သုတေသနပြု၍သဘာဝဓာတ်ငွေ့ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ဦးဆောင်ညွှန်ကြားရေးမှူး နှင့်တကွ အရာထမ်း၊ အမှုထမ်းများအားဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ တွင်းဟောင်းများမှ ထပ်မံ၍ထုတ်ယူနိုင်ခြင်းသည် ကုန်ကျစရိတ်အနည်းဆုံးဖြစ်သဖြင့် ရပ်ဆိုင်းထားသည့်တွင်း ဟောင်းများအား နည်းပညာအသုံးပြု၍ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် လက်ရှိထုတ်လုပ်နေသောရေနံမြေများအား နည်း ပညာအကူအညီဖြင့်စီမံဆောင်ရွက်နေသလို ရေနံနှင့်သဘာဝဓာတ်ငွေ့မြေစီမံကိန်းအသစ်များ ထပ်မံရှာဖွေဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်ကြရာတွင် ဘူမိဗေဒပညာရှင်များနှင့် အင်ဂျင်နီယာပညာရှင်များအနေဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီးဧရာဝတီတိုင်းဒေသကြီးအတွင်း ရေနံမြေသစ်များထပ်မံဖော်ထုတ်၍ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ရေး နိုင်ငံတော်အပေါ်စေတနာထား ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏သဘာဝဓာတ်ငွေ့လိုအပ်ချက်သည် ထပ်မံတိုးတက်လာမည်ဖြစ်သကဲ့သို့ စွမ်းအင်ကဏ္ဍအသွင်ကူးပြောင်းရေး (Energy Transition) တွင်လည်း သဘာဝဓာတ်ငွေ့သည် ကြားခံအဆင့်တစ်ခုအဖြစ် မဖြစ်မနေဆက်လက်အသုံးပြုနေရမည်ဖြစ်ရာ ထပ်မံတူးဖော်မည့် တွင်းများမှလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ထပ်မံထုတ်လုပ်ရရှိ နိုင်ရေးကြိုးပမ်းဆောင်ရွက် သွားကြရန်တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

         တိုင်းဒေသကြီးဝန်ကြီးချုပ်က မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ သဘာဝဓာတ်ငွေ့ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စား ဝမ်းမြောက်ဂုဏ်ယူ မိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် စက်ရုံ အလုပ်ရုံ များလည်ပတ်နိုင်ရေးအတွက် သဘာဝဓာတ်ငွေ့ထပ်မံလိုအပ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင် လုံခြုံရေးနှင့် မီးဘေးလုံခြုံရေး သတိပြုဆောင်ရွက်သွားရန်လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို အပြည့်အဝဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်တွင်း အမှတ်(၁၅)၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်နေမှုနှင့် တွင်းအမှတ်(၂၆)တူးဖော်ရန်ပြင်ဆင်နေမှု တို့ကို ကြည့်ရှုအားပေးကာ သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ အမှတ်(၂)နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သို့ရောက်ရှိရာ တာဝန်ရှိသူများမှ ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ရယူပြီး ရေနံဓာတ်ငွေ့ရည် (LPG) ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့်အခြေအနေများ၊ စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်ပြီး LPG ထုတ်လုပ်ရန်စီမံဆောင်ရွက်နေမှုအခြေအနေ များကိုတင်ပြကြပါသည်။

         တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့်ကြိုးစားဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့ကုန်ကြမ်းကို CNG၊ LPGကဲ့သို့ ကုန်ချောအဖြစ်ပြောင်းလဲပြီး ထုတ်လုပ်သုံးစွဲနိုင်ရန်လည်း ကြိုးစားနေပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များ သည် အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်သည်ဖြစ်၍ အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြုဆောင်ရွက်ခဲ့သဖြင့် မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ သဘာဝ ဓာတ်ငွေ့များတိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး အမှတ်(၂)နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)တို့အတွက်လိုအပ်သော ကုန်းတွင်းသဘာဝဓာတ်ငွေ့များ ဖြည့်ဆည်းပေးနိုင်ခဲ့ပါ ကြောင်း၊ အိမ်သုံးလောင်စာအဖြစ် ရေနံဓာတ်ငွေ့ရည်(LPG) ပိုမိုသုံးစွဲနိုင်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုကို လျော့နည်းသက်သာစေသည့်အပြင် သုံးစွဲသူပြည်သူများ၏ လူနေမှု အဆင့်အတန်းကိုလည်းမြင့်တက်စေပါကြောင်း၊ ရေနံဓာတ်ငွေ့ရည်(LPG)ကို အိမ်သုံးကဏ္ဍတွင် သာမက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်အသုံးပြုနိုင်မည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ် ကြောင်း၊ စက်ရုံစဉ်ဆက်မပြတ်လည်ပတ်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ပြီး ရေနံဓာတ်ငွေ့ ရည်(LPG)တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လိုပါကြောင်း၊ စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် ရေနံချက်စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရေနံချက်စက်ရုံများလည်ပတ်လာနိုင်သည်နှင့်အမျှ LPG ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ စက်ရုံပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် စက်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို လက်ဆင့်ကမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ စက်ရုံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို တာဝန်ရှိသူများမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုပါကြောင်း ပြော ကြားခဲ့ပြီး စက်ရုံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် အင်အားဖြည့်အစားအစာများ ပေးအပ်ထောက်ပံ့ခဲ့ပြီး စက်ရုံဝန်းအတွင်း လှည့်လည်၍ LPG လည်ပတ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်တုန်းရေနံနှင့် သဘာဝဓာတ်ငွေ့ မြေအစည်းအဝေးခန်းမတွင် ရေနံမြေဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ဝန်ထမ်း များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်သည့်တင်ပြမှုများအပေါ် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရရှိပါသည်။       

Other News