News

Home News detail

သဘာဝမြေငလျင်ဘေးဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင်များအား ထားရှိမည့် ယာယီတည်းခိုရေးစခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

06th Apr 2025

သဘာဝမြေငလျင်ဘေးဒဏ်သင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းနှင့်မိသားစုဝင်များအား ထားရှိမည့် ယာယီတည်းခိုရေးစခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

၂၀၂ခုနှစ်၊ ဧပြီ ရက်

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်အတွင်းရှိ Myanmar Secure Group (MSG) Company Limited ဝင်းအတွင်းရှိ သဘာဝမြေငလျင် ဘေးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများ ထားရှိသည့် ယာယီတည်းခိုရေးစခန်းအမှတ် (၂)အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြေငလျင်ဘေးဒဏ်ခံစားခဲ့ရသော စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးအတွက်ယာယီဆေးပေးခန်းမှ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ ပြိုကျပျက်စီးသွားသည့် တိုက်များအနီးတွင် ယာယီ စခန်း များဆောက်လုပ်၍နေထိုင်နေကြသည့်ဝန်ထမ်းများ တည်းခိုရေးစခန်းများသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရေး၊ ယာယီစခန်းဝန်းအတွင်း ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်ရေး၊ ကယ်ဆယ် ထောက်ပံ့ ရေးပစ္စည်းများကို စနစ်တကျ ထိထိရောက်ရောက်မြန်မြန် ဆန်ဆန်ဖြန့်ဝေနိုင်ရေးတို့နှင့် ပတ်သက်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ ဇနီးမှလည်း ယာယီတည်းခိုရေးခန်းအတွင်းရှိ မိသားစု များ၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Other News