News

Home News detail

သတင်းထုတ်ပြန်ချက်

07th Mar 2025

မြန်မာ-ရုရှားနှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍနှင့်စပ်လျဉ်း၍

သဘောတူညီခဲ့သည့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရုရှားစွမ်းအင်ဝန်ကြီးဌာနနှင့် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စွမ်းအင် ဝန်ကြီးဌာန ပထမ ဒုတိယဝန်ကြီး Mr. Pavel Sorokin နှင့် ရုရှားနိုင်ငံတော်ပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ “Zarubezhneft” မှ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Alesksander Boldyrev တို့အား မော်စကိုမြို့ရှိ Radisson Collection ဟိုတယ်၌ ၅-၃-၂၀၂၅ ရက်၊ ၀၉၃၀ နာရီတွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ထားဝယ်ရေနက်ဆိပ်ကမ်းအနီး LNG Terminal တည်ဆောက်၍ ပြည်တွင်းသုံးနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် ရေး၊ LNG Terminal မှတစ်ဆင့် ဆက်သွယ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် နိုင်ရန်ကိစ္စများတွင် ရင်းနှီးမြှုပ်နှံရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနံချက်စက်ရုံတည် ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံရေး၊ မြန်မာနိုင်ငံ၏ စက်သုံးဆီလိုအပ်ချက်များကို သက်သာ သောဈေးနှုန်း (friendly price) ဖြင့် ရရှိနိုင်ရန် ကူညီဆောင်ရွက်ပေးရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးတွင် အဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရန် အကူအညီ ပေးရေးနှင့် အလားအလာကောင်းများရှိနေသည့် ကမ်းလွန်လုပ်ကွက်များတွင် ရုရှားကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဖြစ်နိုင်ခြေဆန်းစစ်ခြင်းအား လာရောက် ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

Other News