News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ အသုံးချသုတေသနဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း

20th Jan 2025

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ အသုံးချသုတေသနဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ  ၁၉  ရက်

 

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အသုံးချသုတေသနဌာနသို့ သွားရောက်ကြည်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသုံးချသုတေသနဌာနသို့ ရောက်ရှိရာ အစည်း အဝေးခန်းမတွင်တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးအတွက် အသုံးချ သုတေသနဌာနမှ သုတေသနဌာနခွဲများ အလိုက်ဆောင်ရွက်နေမှု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်အတွက် ဓာတ်ခွဲခန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သုတေသနလုပ်ငန်းများအတွက် ရေနံတွင်းများမှရရှိသော ကျောက်သားများ၊ မြေဇာ နမူနာများသိမ်းဆည်းထားမှုအခြေအနေနှင့်  လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ မှုအပေါ် ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်စမ်းသပ်ရာတွင် အရေးကြီးဆုံး ဖြစ်သည့် အရည်အသွေးမှန်ကန်သည့်အဖြေများရရှိရန် သုတေသနနှင့်ဓာတ်ခွဲခန်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ရည်မှန်းချက်ဖြစ်သော “2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ ယခုနှစ်အတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ခိုအောင်းနိုင်သည့် အနည်ကျချိုင့်ဝှမ်းနှင့်ရေနံမြေသစ်များရှာဖွေတွေ့ရှိနိုင်ရန် ကွင်းဆင်းလေ့လာသုတေသနပြုနိုင်ရေး သက်ဆိုင်ရာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး Project Base သုတေသနကျမ်းများထွက်ပေါ်လာရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် Apply Research အဆင့်အထိရောက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများအား ပျက်ဆီးဆုံးရှုံးမှုမရှိစေရေး  စနစ်တကျတန်ဖိုးထားကိုင်တွယ်ကြရန်လိုကြောင်း၊ ဓာတ်ခွဲသုတေသနဆောင်ရွက်မှုနှင့်ပတ်သက်၍ မျိုးဆက်သစ်ဝန်ထမ်းများအား လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးရန်နှင့် နည်းပညာများမျှဝေပေးရန်လိုအပ်ကြောင်း၊  တိုးတက်နေသော နည်းပညာများအား မျက်ခြေမပြတ်စောင့်ကြည့်လေ့လာထားရန်လိုကြောင်း၊ ဝန်ထမ်းများလုပ်ငန်းခွင် တွင် ပျော်ရွှင်စွာထမ်းဆောင်နိုင်ရေး Working Environment တစ်ခုဖန်တီးပေးရန်လိုကြောင်း၊ လုပ်သားစာကြည့်တိုက်အား အဆင့်မီစာကြည့်တိုက်တစ်ခုအဖြစ် အသုံးပြုနိုင်ရေး၊ ဝန်ထမ်းအိမ်ရာနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စများအား လူမှုရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် တာဝန်ရှိသူများမှ လိုအပ်သလိုဆောင်ရွက်ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်  အသုံးချသုတေသနဌာနအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်သားစာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

 

Other News