News

Home News detail

“2025, the Year of Myanmar Energy” အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

09th Jan 2025

2025, the Year of Myanmar Energy

 အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်

               2025, the Year of Myanmar Energyအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ၂၀၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ In Persson စနစ်ဖြင့်လည်းကောင်း၊ ရေနံမြေ၊ စက်ရုံများနှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲများမှလည်း Video Conferencing စနစ်ဖြင့်လည်းကောင်း အသီးသီးတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ၂၀၂၅ ခုနှစ်သည်  စွမ်းအင်ဝန်ကြီးဌာနအတွက် ထူးခြားသောနှစ်တစ်နှစ်ဖြစ်ပြီး နှစ်သစ်တွင်စိတ်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊  ဒါ့အပြင် ၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာန စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်(၄၀) ပြည့်ပတ္တမြားရတုပြည့်မြောက်သည့် နှစ်တစ်နှစ်ဖြစ်သလို အနာဂတ်စွမ်းအင်ကဏ္ဍအတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်မည့် နှစ်တစ်နှစ် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်စွမ်းအင်ဖူလုံရေးဝိုင်းဝန်း ဖြည့်ဆည်းဆောင်ရွက်ခွင့်ရမည့် အခြေအနေကောင်းများ ဖန်တီးနိုင်မည့်အခွင့်အရေးကောင်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူ တို့၏စွမ်းအင်သယံဇာတကို ပြည်သူလူထုထံသို့ လက်ဝယ်ရောက်ရှိအောင်ပို့ဆောင်ပေးရန် မိမိတို့ ဌာနတွင်တာဝန်ရှိပါကြောင်း၊ ယခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များ များပြားလာမည်ဖြစ်သည့်အပြင် စိန်ခေါ်မှုများလည်း မလွဲမသွေရှိလာမည်ဖြစ်သည့် အတွက် ကျော်လွှားနိုင်မည့်နည်းလမ်းများကို အားလုံးဝိုင်းဝန်းစဉ်းစား အကြံပြုပေးရန် ဖြစ်ကြောင်း၊ ပြည်သူ၏သယံဇာတကို ပြည်သူများလက်ဝယ်ရောက်ရှိရေး ပထမအဆင့်အနေဖြင့်ပြည်တွင်းထုတ် ဓာတ်ဆီကို သင့်တော်သောဈေးနှုန်းဖြင့် ပြည်သူများထံသို့တိုက်ရိုက် ဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက် ခဲ့သလို ဒုတိယအဆင့်အနေဖြင့် ဇီဝလောင်စာဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန် သုတေသနပြု လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်တွင်းရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ်ဆိုင်ရာတက္ကသိုလ်များ၊ ဆရာ/ဆရာများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာန အတွက် သမိုင်းမှတ်တိုင်သစ်စိုက်ထူရမည့် နှစ်တစ်နှစ်ဖြစ်သောကြောင့် ဝန်ထမ်းများ၏ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဦးစီးဌာန/လုပ်ငန်းများအလိုက် ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ မလိုလားအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ မဖြစ်ပေါ်စေရေး ဂရုတစိုက် ဆောင်ရွက်ရန်လိုအပ်ကြောင်း  တိုက်တွန်းဆွေးနွေးတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် 2025,the Year of Myanmar Energy အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုတိုင်းမိမိတို့ တတ်စွမ်း သ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ Result ကောင်းဖို့ “ရိုးရိုးကျင့်မြင့်မြင့်ကြံ” ဆောင်ပုဒ်နှင့်အညီ ရိုးရိုးသားသားစဉ်းစားပြီး အကြံအစည်ကောင်းများ အမြဲတွေးခေါ်နေဖို့လိုပါ ကြောင်း၊ မိမိတတ်ကျွမ်းထားသောနည်းပညာနှင့် လက်တွေ့နယ်ပယ်ပေါင်းစပ်ကာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့အထွက်တိုးရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း တိုက်တွန်းလမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Other News