စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား ( H.E. Ms. Ma Jia )အား လက်ခံတွေ့ဆုံ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား ( H.E. Ms. Ma Jia ) အားယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စွမ်းအင်ကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနှင့်တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များ မြင့်တက် နေသည့်အတွက် မြန်မာနိုင်ငံတွင် LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့ထုတ်ယူ၍ မျှဝေသုံးစွဲနိုင်ရန်အတွက် လျင်မြန်စွာပူးပေါင်းဆောင်ရွက်လိုသည့်အခြေအနေများ၊ မြန်မာ-တရုတ် ရေနံစိမ်း နှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏စွမ်းရည်အပြည့် အသုံးပြုနိုင်ရန်အတွက် ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်းကိုပူးပေါင်းဆောင်ရွက်ရေး၊ ရေနံစိမ်းပိုက်လိုင်းမှရရှိမည့်ရေနံစိမ်းကိုရယူပြီး ရေနံချက် စက်ရုံအသစ်အား ပူးပေါင်းတည်ဆောက်မည့်စီမံကိန်း၊ မြန်မာနိုင်ငံ၏အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်းများတည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့်ဓာတ်မြေဩဇာစက်ရုံများအဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက် ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံအစိုးရခြင်း ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိ သူများနှင့် တရုတ်သံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။