News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရေနံဘူမိဗေဒ၊ ရေနံအင်ဂျင်နီယာနှင့် ဓာတုအင်ဂျင်နီယာဘာသာရပ်များဆိုင်ရာ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအားတွေ့ဆုံသည့်သတင်း

13th Dec 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရေနံဘူမိဗေဒ၊ ရေနံအင်ဂျင်နီယာနှင့် ဓာတုအင်ဂျင်နီယာဘာသာရပ်များဆိုင်ရာ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအားတွေ့ဆုံသည့်သတင်း

                                            ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

          စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဘူမိဗေဒအရာရှိကြီးများ၊ အင်ဂျင်နီယာအရာရှိကြီးများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်တို့သို့သွားရောက်ခဲ့ပြီး ရေနံဘူမိဗေဒ၊ ရေနံအင်ဂျင်နီယာနှင့် ဓာတု အင်ဂျင်နီယာဘာသာရပ်များဆိုင်ရာ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် အထူးပြု ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းအင်ကဏ္ဍသည်အရေးကြီးပါကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်းတွင်းနှင့် ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော်ခြင်း၊ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အဦများ တည်ဆောက်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်များ ထူထောင်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအသစ်များ ရှာဖွေဖော်ထုတ်ခြင်း၊ လက်ရှိ ရေနံမြေများရှိ ထုတ်လုပ်မှုရပ်ဆိုင်းထားသည့်ရေနံတွင်းဟောင်းများတွင် AI နည်းပညာကဲ့သို့ ခေတ်မီနည်းပညာများအသုံးပြု၍ ပြန်လည်ထုတ်လုပ်နိုင်ရန်စီမံဆောင်ရွက်ခြင်း၊ ရေနံချက် စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများ အသစ်များတည်ဆောက်ခြင်း၊ လက်ရှိစက်ရုံများအား အဆင့်မြှင့်တင်မွမ်းမံပြင်ဆင်ခြင်းစသည့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်စုံမှအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံးဖြစ်သဖြင့် မျိုးဆက်သစ် ဘူမိဗေဒပညာရှင်များ၊ ရေနံအင်ဂျင်နီယာများ အပါအဝင် အင်ဂျင်နီယာများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိ ဗေဒဘာသာရပ်ကို ၄ နှစ်ဘွဲ့သင်တန်းအဖြစ် ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ သုတေသနဖွံ့ဖြိုးမှုနှင့် လက်တွေ့ နယ်ပယ် ၃ ခုတို့ကို အပြန်အလှန်ချိတ်ဆက်သင်ကြားနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းကူညီပေးသွားမည်ဖြစ်ကြောင်း၊ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘွဲ့ဒီဂရီရပြီးချိန်တွင် နိုင်ငံတော်၏စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ စွမ်းအင်ဆိုင်ရာ လုပ်ငန်းခွင်များမှ ကြိုဆိုလျက်ရှိပါကြောင်းနှင့် ပညာသင်ထောက်ပံ့ကြေးများလည်း ပေးအပ် နိုင်ရေးစီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘွဲ့လွန်ပညာရပ်များ၊ သင်တန်းများလည်း စေလွှတ် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့သင်ကြားလျက်ရှိ သည့် ဘာသာရပ်များအား ထူးချွန်ထက်မြက်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူး များ၊ ဆရာ/ဆရာမများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)တို့မှ သက်ဆိုင်ရာ ဘာသာရပ်အထူးပြု ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါ သည်။

 

 

 

Other News