News

Home News detail

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ အမှတ်(၂) နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံတို့အား စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး

06th Dec 2024

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ

အမှတ်(၂) နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံတို့အား

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ ၆ ရက်

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ၂၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော အမှတ် (၂) နှင့် အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)တို့သို့ ရောက်ရှိလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

စက်ရုံသို့ရောက်ရှိစဉ် တာဝန်ရှိသူများက ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေ အနေများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးနှင့် ကျန်းမာရေးစောင့် လျှောက်မှုဆိုင်ရာ ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးကစက်ရုံ လုံခြုံရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အထူးအလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း စက်ပစ္စည်းကိရိယာများအား ကြိုတင်စစ်ဆေးပြုပြင်ခြင်းနှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်စေရေး စဉ်ဆက်မပြတ်စီမံ ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေး ကောင်းမွန်စွာ ဆောင်ရွက်ပေးနေခြင်းကို ရေရှည်ထိန်းသိမ်းပေးစေလိုကြောင်း၊ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများအတွက် CSR ရံပုံငွေမှ ပိုမိုပံ့ပိုးပေးစေ လိုကြောင်း၊ စက်ရုံဝန်းနှင့် ဝန်ထမ်းအိမ်ရာ များအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေ၊ လျှပ်စစ်မီးနှင့် မိလ္လာစနစ်များ ကောင်းမွန်စေရေး ဦးစားပေးအဆင့်အလိုက် စစ်ဆေးပြုပြင်ပေးရန် လိုကြောင်း မ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိုက်ပျိုးရေးအခြေခံကောင်းများရှိသော်လည်း စွမ်းအင်ရရှိသုံးစွဲမှုကို အားကိုးနေရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လူမှုဘဝဖွံ့ဖြိုးရေးအတွက် CSR လုပ်ငန်းများကို လိုအပ် နေသော ကျေးရွာဒေသများအထိ  သွားရောက်တွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စက်ရုံလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် CSR ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကာ အင်အား ဖြည့်အစားအစာများပေးအပ်ခဲ့ပြီး စက်ရုံလည်ပတ်ထုတ်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

Other News