ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံအား
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဒီဇင်ဘာလ ၇ ရက်
စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် စက်ရုံအစည်း အဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ စက်ရုံမှူးမှ စက်ရုံ၏ ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှု ပြန်လည်စတင်နိုင်ရေး စက်ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများ၊ စက်ရုံ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ စက်ရပ်နားထားစဉ် ပြုပြင်ရန်လိုအပ်သည် များအား ဖြည့်စွက်ရှင်းလင်းခဲ့ရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စက်ရုံပြန်လည်လည်ပတ်ပြီး၊ ဓာတ်မြေဩဇာများ ပုံမှန်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်ကြမည်ကို ယုံကြည်ပါကြောင်း၊ စက်ပစ္စည်းများ အသစ်လဲလှယ်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် ပစ္စည်းအဟောင်းများအား စနစ်တကျ စာရင်းပြုစုထားသိုရန် လိုအပ် ကြောင်း၊ စက်ရုံဝန်ထမ်းများအနေဖြင့် စက်ပြုပြင်မှုဆောင်ရွက်နေသည့်ကုမ္ပဏီနှင့် ပူးပေါင်းပါဝင်ဆောင် ရွက်ခြင်းဖြင့် နည်းပညာပိုင်း လေ့လာသင်ယူရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ပြန်လည်စတင်ချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စက်ရုံရှိ ဌာနပိုင် ပစ္စည်းများ ပျက်စီး/ပျောက်ဆုံး/အလွဲသုံးစားမှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် စီမံ ဆောင်ရွက်သွား ကြရန်ဖြစ်ကြောင်း၊ စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ စက်ရုံပိုင်နက်အတွင်း မူးယစ်ကင်းစင်ရေးနှင့် ကျူးကျော်နေထိုင်မှုများ မရှိစေရေး ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ စက်ရုံဝန်းနှင့် ဝန်ထမ်းအိမ်ရာများအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေ၊ လျှပ်စစ် မီးနှင့် မိလ္လာစနစ်များ စစ်ဆေးပြုပြင်ခြင်းကို ဦးစားပေးအဆင့်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက် ပေးရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တတ်နိုင် သလောက် ပိုမိုဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို တတ်နိုင်သလောက် ဆောင်ရွက်ကြစေလိုကြောင်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ဤယူရီးယားဓာတ်မြေဩဇာစက်ရုံကြီး၏ ကုန်ထုတ်လုပ်မှုအပေါ် များစွာအလေးထားအားထားပါကြောင်း၊ သိသင့်သိထိုက်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို အောက်ခြေအဆင့်ထိ သိရှိစေရေး တာဝန်ရှိသူများမှ ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းအားထုတ်နေမှုများအပေါ် အသိအမှတ်ပြု ပါကြောင်းနှင့် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ပေးကြစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့သည် ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကာ အင်အား ဖြည့်အစားအစာများပေးအပ်ခဲ့ပြီး စက်ပြုပြင်နေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။