News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အားလက်ခံတွေ့ဆုံ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်

24th Jul 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အားလက်ခံတွေ့ဆုံ

၂၀၂၄ ခုနှစ်၊ ဇူလိုင်၂၄ ရက်

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

          တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စ၊ ရေနံရှာဖွေတူးဖော်ထုတ်လုပ်ရေးနှင့် ရေနံချက် လုပ်ရေးနည်းပညာများသင်ယူနိုင်ရန် စေလွှတ်ရေးကိစ္စ၊ စွမ်းအင်ကဏ္ဍနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရေးကိစ္စများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီးဌာနမှတာဝန်ရှိသူများ နှင့် အိန္ဒိယသံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Other News