News

Home News detail

စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်

12th Jul 2024

စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက်အတွင်း အများပြည်သူအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင်  အရည်အသွေး စံချိန်စံညွှန်းကိုက်ညီမှုနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေးတို့အတွက် ဌာနပိုင် Mobile Fuel Lab ယာဉ်များဖြင့်  စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်၍ အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း (၂၆၁) ဆိုင်အား Mobile Fuel Lab ယာဉ်များဖြင့် အရည်အသွေးနှင့် အခြင်အတွယ် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထို့အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်  အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်း တို့အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့ရှိ စက်သုံးဆီအရောင်းဆိုင်(၃၆၀)ဆိုင်နှင့် အခြင်အတွယ်စစ်‌ဆေးခြင်းတို့အား အခြားတိုင်းဒေသကြီး များနှင့် ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်(၆၀၀)ဆိုင်၊ စုစုပေါင်းအရောင်းဆိုင် (၉၆၀) ဆိုင် တို့ကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး  ၂၀၂၄ ခုနှစ်  ဧပြီ၊ မေနှင့် ဇွန်လအထိ အရောင်းဆိုင် စုစုပေါင်း (၃၄၅) ဆိုင်အား အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါ သည်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ရေနံထွက်ပစ္စည်း ဖြည့်ဆည်းမှုကွင်းဆက်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရေနံထွက်ပစ္စည်းဖြည့်ဆည်းမှုကွင်းဆက် ဖြစ်ပေါ်လာစေရေးနှင့် အများပြည်သူများ အရည်အသွေးစံချိန်စံညွှန်းနှင့် အခြင်အတွယ်ပြည့်မီသော စက်သုံးဆီများအား  ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အရည်အသွေးနှင့် အခြင်အတွယ်စစ်ဆေးခြင်းတို့အား  ပိုမိုထိရောက်စွာထိန်းကြောင်း ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Other News