News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်းအား ကြည့်ရှုစစ်ဆေး

06th Jul 2024

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်းအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇူလိုင်လ ၆ ရက်

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ကမ်းလွန်ရေနံအခြေစိုက်စခန်းသို့ရောက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့သော စတိုဂိုဒေါင်အသစ်များ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရေ ယာဉ်နှင့် ရေလုံသင်္ဘောကျင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဂဟေဆက်ကျွမ်းကျင် သင်တန်း၊ စက်မှု၊ လျှပ်စစ် ကျွမ်းကျင်သင်တန်းများနှင့် ရုံးလုပ်ငန်းနှင့်ဘဏ္ဍရေးဆိုင်ရာ ကျွမ်းကျင်မှု အခြေခံသင်တန်းများ ပို့ချနိုင်ရေး သင်တန်းခန်းမနှင့် ပို့ချမည့်အစီအမံများ စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လူမှုတာဝန်သိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများတွင် လျှပ်စစ် မီးကြိုးများ၊ ရေဆိုးမြောင်းများနှင့် မိလ္လာစနစ်များ စနစ်တကျ ပြုပြင်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည် အသွေးပြည့်မီစွာဖြင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Standard Operating Procedure များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ သင်တန်းခန်းမတွင် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေးနှင့် သင်တန်းသားအိပ်ဆောင်များ သန့်ရှင်းသပ်ရပ်စေရေးကို အလေးထားဆောင်ရွက်ကြရန်၊ လူမှု တာဝန်သိလုပ်ငန်းများကို အမှန်တကယ်လိုအပ်နေသည့်နေရာများအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ကြရန်၊ စခန်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရန်၊ မိုးရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် စခန်းအတွင်းရှိ သစ်ပင်၊ သစ်ကိုင်းများ စနစ်တကျ ရှင်းလင်း ခြင်းနှင့် ရေကြီးရေလျှံမှုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံ များကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်ရေးနှင့် လိုအပ်ချက်များ စိစစ်ဖြည့်ဆည်းပေးရေးနှင့် ရုံးသုံးဖယ်ရီများ၊ အုပ်ချုပ်မှုနှင့်လုပ်ငန်းသုံး မော်တော်ယာဉ်များ ကြံ့ခိုင်မှုရှိပြီး အမြင်တင့်တယ်စေရေး အပိုင်းလိုက် ပြင်ဆင်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏တင်ပြမှုများအပေါ် လိုအပ်သောပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Other News