News

Home News detail

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်

28th Jun 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်

နေပြည်တော်၊ ဇူလိုင်လ ၂၈ ရက်

           ၂၀၂-၂၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် စွမ်းအင်ဝန်ကြီး ဌာနမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမတွင် ကျင်းပခဲ့ပါသည်။

            အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့် ကျောင်းသား/ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ခဲ့ကြပါသည်။

            အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားရာ ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ရမည်ဆိုသော မင်္ဂလာတရားတော်နှင့်အညီ သားငယ်/သမီး ငယ်များအတွက် သီးသန့်ကျင်းပပြုလုပ်ပေးသည့် အခမ်းအနားဖြစ်ပါကြောင်း၊ KG + 12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် သားငယ်/သမီးငယ်များနှင့် မိဘများအား ဝမ်းမြောက်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ သားငယ်/သမီးငယ်များ၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ပံ့ပိုးထိန်းကျောင်းပေးမှုများကြောင့် ယခုလိုအောင်မြင်မှုအသီးအပွင့်များကို ခံစားရခြင်းဖြစ် ပါကြောင်း၊ မိမိတို့ဖြတ်သန်းခဲ့ကြသည့် အတိတ်ကာလက စွမ်းဆောင်ရည်များအပေါ် စဉ်းစားသုံးသပ် ပြီး ကောင်းမွန်သောအနာဂတ်ကာလကိုတွေးမျှော်မြင်ကာ လက်ရှိပစ္စုပ္ပန်ကာလကို အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ မိဘများအနေဖြင့် မိမိတို့သား/သမီးများ၏ အားနည်း ချက်၊ အားသာချက်များကိုသိရှိအောင်ဆောင်ရွက်ပြီး ကောင်းမွန်တည့်မတ်အောင်ထိန်းကျောင်း ပဲ့ပြင် ရန်လိုအပ်ပါကြောင်း၊ သားငယ်/သမီးငယ်များအနေဖြင့်လည်း နိုင်ငံတော်၏ အနာဂတ်အတွက် အားကိုးအားထားပြုထိုက်သူများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိကိုယ်မိမိ ဦးစွာကောင်းအောင်ကြိုးစားပြီး မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော် ကောင်းမွန်စေရေးကြိုးပမ်းကြစေ လိုကြောင်း၊ Knowledge is Power ဆိုသည့်အတိုင်း အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ် ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများအပြင် သုတ၊ ရသအစုံစာများကို များများဖတ်စေလို ကြောင်း၊ မိမိတို့လေ့လာသင်ကြား ခဲ့သည့် ပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများပေါင်းစပ်ပြီး နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပြီး ယနေ့နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံတော်ကို အလုပ်အကျွေးပြုနိုင်သော နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာကြစေ လိုကြောင်း ဆုမွန်ကောင်းများတောင်း ပါကြောင်းနှင့်အသိအမှတ်ပြု ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂-၂၀၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေး ပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့် ငါးဘာသာနှင့် လေးဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးသန့်စင်က  သုံးဘာသာနှင့်နှစ်ဘာသာဂုဏ်ထူးရှင်အားလည်းကောင်း၊ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများက တစ်ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း၊  ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

            ထို့နောက် ကျောင်းသား/ကျောင်းသူများကိုယ်စား ၅ ဘသာဂုဏ်ထူးရှင် နှစ်ထပ်ကွမ်း လူရည်ချွန် မောင်ဉာဏ်လရောင်ထက်မှကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများမှ မြန်မာ့ကျောင်းသားသီချင်းဖြင့် ဂုဏ်ပြုသီဆိုပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများနှင့် အတူစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ 

            စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ၏ သားသမီးများမှ ၂၀၂-၂၀၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ဦး၊ ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ဦး၊  ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ဦး၊ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၁ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၆၂ ဦးစုစုပေါင်း ၈၉ ဦးရှိပြီး အဆိုပါ ကျောင်းသား/ ကျောင်းသူများအား ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများ ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Other News