News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား လက်ခံတွေ့ဆုံ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်

13th Jun 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား လက်ခံတွေ့ဆုံ

၂၀၂၄ ခုနှစ်၊ ဇွန်လ ရက်

              စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံပါသည်။

          တွေ့ဆုံစဉ် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့အကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ Green Energy အသွင်ကူးပြောင်းရေးကဏ္ဍတို့တွင် စွမ်းအင်ဝန်ကြီးဌာနနှင့်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလို ပါကြောင်း၊ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွား လိုပါကြောင်း ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ကဏ္ဍတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး သံအမတ်ကြီးမှတစ်ဆင့် ဖိတ်ခေါ်ပေးစေလိုပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေး၊ ထုတ်လုပ်ရေးနှင့်ရေနံချက်စက်ရုံဆိုင်ရာ နည်းပညာများလေ့လာနိုင်ရေး အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ မြန်မာနိုင်ငံမှပညာရှင်များစေလွှတ်သွားလိုပါကြောင်းနှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောလျင်စွာစတင်လိုပါကြောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြပါသည်။

                 အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News