News

Home News detail

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

01st Jun 2024

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော်၊ ဇွန်လ ၁ ရက်

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း(ရုံးချုပ်)၌ ကျင်းပပြုလုပ်သည့် စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးမှ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ စက်သုံးဆီများ တင်သွင်းခြင်း နှင့် Terminal များအလိုက် ဆီတင်/ချ လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းစနစ်ကျပြီး ပိုမိုလွယ်ကူ လျှင်မြန်သည့် ကောင်းမွန်သော လုပ်ထုံးလုပ်နည်း/လုပ်ငန်းစဉ်များ ဖြစ်ထွန်းလာစေရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံအဝှမ်းသို့ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင်လည်း အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း၊ လက်ရှိကျင့်သုံးနေသည့် SOP (Standard Operating Procedure) များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် လိုအပ်နေသေးသည့် SOP အသစ်များ ရေးဆွဲခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီ အသင်း အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်သွားကြရန်၊ ကုမ္ပဏီများအလိုက် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးမှု စာရင်းအင်းအချက်အလက်များအား တိကျစွာ ပြုစုထားရှိကြရန်၊ ပြည်သူလူထုသို့ အရည်အသွေးနှင့် အချင်အတွယ် ပြည့်မီသော စက်သုံးဆီများ ဖြန့်ဖြူး ရောင်းချ ပေးနိုင်ရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ် ဆောင်ရွက်ကြရန်၊ စက်သုံးဆီအရောင်းဆိုင်များတွင် POS စနစ်နှင့် CCTV တပ်ဆင်အသုံးပြုမှု မှသည် Real-time Software စနစ် တပ်ဆင် အသုံးပြုနိုင်သည်အထိ တွန်းအားပေးဆောင်ရွက် ကြရန်၊ သိုလှောင်စခန်း၊ ဆိပ်ကမ်းနှင့် အရောင်းဆိုင်များ၏ လုံခြုံရေးအား အထူးဂရုပြုဆောင် ရွက်ကြရန်နှင့် မိုးရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းခွင်ရှိ သစ်ပင်၊ သစ်ကိုင်းများ စနစ်တကျ ရှင်းလင်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းများအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို ကြိုတင်ပြင်ဆင်ထားရှိရန်မှာကြားခဲ့ပြီး အစည်း အဝေးတက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် လိုအပ်သောပေါင်းစပ်ညှိနှိုင်းပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Other News