News

Home News detail

စွမ်းအင်ဝန်ကြီးဌာနရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်

27th May 2024

နေပြည်တော် မေလ ၂၇ ရက်

          ၂၀၂-၂၀၂ ပညာသင်နှစ်အတွက် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ၂၀၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် ၆ ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုအခမ်းအနားသည် ကျောင်းသား/ ကျောင်းသူများ၏ပညာရေးအတွက်အားပေးချီးမြှောက်ခြင်းဖြစ်ပါကြောင်း၊ တနည်းအားဖြင့် ဝန်ထမ်းများ အနေဖြင့် သားသမီးများအတွက် ပညာအမွေပေးနေခြင်းကို ဌာနအနေဖြင့်ကူညီပံ့ပိုးပေးခြင်းပင်ဖြစ်ပါ ကြောင်း၊  ပညာသင်ယူတတ်မြောက်မှသာ အသိပညာ၊ ဗဟုသုတပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြား နိုင်သော အသိဉာဏ်ပညာရှိမှာဖြစ်သည့်အတွက် ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊  “မိဘဆရာပူးပေါင်းကလေးပညာကောင်းဆိုသော စကားရပ်နှင့်အညီ ကလေးများ ကျောင်းတက်မှန်ရေး၊ စစ်ဆေးအကဲဖြတ်ပေးရေးကိစ္စများကို မိဘများမှလည်းဆရာများ နှင့်ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးလာစေရေးဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား/သူများ နေဖြင့်နိုင်ငံတော် ကျေးဇူးသစ္စာကိုစောင့်သိရိုသေပြီး နိုင်ငံတော်ကိုအလုပ်အကျွေးပြုမည့် လူရည်ချွန်၊ လူရည်မွန် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြစေရန်ကြိုးစားစေလိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့မှ ကျောင်းသား/ ကျောင်းသူ သားငယ်/သမီးငယ်များအား ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ကြေးငွေများ အသီးသီး ပေးအပ်ခဲ့ပါသည်။

စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ၂၀၂-၂၀၂ ပညာသင်နှစ်တွင် ပညာသင်ကြားတက်ရောက်မည့် ကျောင်းသား/ကျောင်းသူစုစုပေါင်း ၅၃၁၇ ဦးအတွက် ပညာသင် ထောက်ပံ့ကြေးငွေ ၆၁,၅၈၅,၀၀၀ (ကျပ်ခြောက်ဆယ့်တစ်သန်းငါးသိန်းရှစ်သောင်းငါးထောင်တိတိ) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးသန့်စင် အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း ၂၀၅ ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

Other News