News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကာတာသံရုံးသံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Adbulla Al-Kuwariအား လက်ခံတွေ့ဆုံ

14th May 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကာတာသံရုံးသံရုံးယာယီတာဝန်ခံ/သံအမတ် Dr. Rashid Adbulla Al-Kuwariအား လက်ခံတွေ့ဆုံ

၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်

              စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်မြို့ရှိ ကာတာသံရုံး သံရုံးယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Adbulla Al-Kuwari ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့ ညနေပိုင်း၌ နေပြည်တော် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

                တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့ကြား နှစ်နိုင်ငံစွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် မြန်မာနိုင်ငံရှိယူရီးယားဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်နိုင် ရေး၊ ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များတွင် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းဆောင်ရွက် နိုင်ရေး၊ သဘာဝဓာတ်ငွေ့ရည် LNG နှင့်စပ်လျဉ်း၍ကုန်သွယ်မှုဆိုင်ရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများကို လျင်မြန်စွာစတင်နိုင်ရန်အတွက်  ရင်းနှီးပွင့်လင်းစွာအမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

                အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News