News

Home News detail

CNG အသုံးပြုခွင့်ရရှိနေသည့်မော်တော်ယာဉ်များအနေဖြင့် ယာဉ်စီးခတောင်းခံရာတွင် ဓာတ်ဆီ၊ ဒီဇယ် ကားများထက် သိသာစွာလျှော့ချတောင်းခံခြင်းဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၃၂)တို့အားသွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးမှ ပြောကြား ရန်ကုန်၊ ဧပြီလ ၂၈ ရက်

28th Apr 2024

CNG အသုံးပြုခွင့်ရရှိနေသည့်မော်တော်ယာဉ်များအနေဖြင့် ယာဉ်စီးခတောင်းခံရာတွင် ဓာတ်ဆီ၊ ဒီဇယ် ကားများထက် သိသာစွာလျှော့ချတောင်းခံခြင်းဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၃၂)တို့အားသွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးမှ ပြောကြား

ရန်ကုန်၊ ဧပြီလ ၂၈ ရက်

         စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ် သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ်(၀၃၂)တို့အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်များမှ မန်နေဂျာများ အား တွေ့ဆုံခဲ့ပါသည်။

         ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား အထွေထွေမန်နေဂျာမှ ရန်ကုန်တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်၊ ယာဉ်စီးရေ ၂၆၉၇၃ စီး၊ မန္တလေး တိုင်းဒေသကြီးတွင် CNG အရောင်းဆိုင် ၂ ဆိုင်၊ ယာဉ်စီးရေ ၇၄၂ စီး၊ မကွေးတိုင်းဒေသကြီးတွင် CNG အရောင်းဆိုင် ၃ ဆိုင်၊ ယာဉ်စီးရေ ၅၈၆ စီး၊ CNG အရောင်းဆိုင်စုစုပေါင်း ၄၆ ဆိုင်မှ CNG ယာဉ်စီးရေ စုစုပေါင်း ၂၈၃၀၁ စီးကို နေ့စဉ်ကုန်းတွင်းနှင့်ကမ်းလွန်မှ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေ ၂၀ သန်း ခန့်အား ထိန်းညှိဖြန့်ဖြူးပေးနေသည့် အခြေအနေများ၊ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ယာဉ်များတန်းစီစောင့်ဆိုင်းမှု လျှော့ချဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ အနာဂတ်သဘာဝဓာတ်ငွေ့ဖြန့်ဖြူးရေးကဏ္ဍတွင် One BTU စနစ်ဖြင့်ဆောင်ရွက်သွားမည့်အစီအမံ များ၊ ကုန်းတွင်းနှင့် ကမ်းလွန်တို့မှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များအားလက်ခံပေါင်းဆုံမည့် Gas Hub တည်ဆောက်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်း ဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ပါသည်။

         ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးရာ အများပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG Cylinder အိုးများစစ်ဆေးခြင်းနှင့် CNG ဖြည့် သွင်းခြင်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တိတိကျကျလိုက်နာ ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် One BTU စနစ်ဖြင့်ဆောင်ရွက်နိုင်ရန် ကုန်းတွင်းနှင့် ကမ်းလွန် တို့မှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များအားလက်ခံပေါင်းဆုံမည့် Gas Hub တည်ဆောက်နိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ် လုပ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့်သဘာဝ ဓာတ်ငွေ့ ကုန်ကြမ်းကို CNG ၊ LPG ကဲ့သို့ Value Added အဖြစ်ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရန်လည်းကြိုးစားနေပါ ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာထုတ်ယူနိုင်သည်ဖြစ် ၍ အကျိုးရှိစွာအသုံးပြုရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသဘာဝဓာတ်ငွေ့ရောင်းချမှုအားလုံးကို ထုထည် အခြေပြုအစားအပူစွမ်းအင်အခြေပြုဖြင့်ပြောင်းလဲဆောင်ရွက်သွားရန်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနပြုလုပ်၍ နည်းပညာအသုံးပြုဆောင်ရွက်ခဲ့သဖြင့် မအူပင်၊ အဖျောက်နှင့် မြန်အောင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး တိုးတက်ထုတ် လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကိုအများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ပြည်သူများခရီးသွားလာရာတွင်သက်သာချောင်ချိမှုရှိစေရေးအတွက် YBS ယာဉ် များနှင့် Taxi ယာဉ်များကိုဦးစားပေး၍ အထူးသက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်မှစိုက်ထုတ်ပြီး CNG ရောင်းချပေးလျက်ရှိကြောင်း၊ CNG ကို ဓာတ်ဆီ၊ ဒီဇယ်များနှင့် နှိုင်းယှဉ်အသုံးပြုရာတွင် ကုန်ကျစရိတ် အနေဖြင့် CNG အသုံးပြုမှုသည်များစွာသက်သာနေသည်ကို အသုံးပြုသူများအသိပင်ဖြစ်ကြောင်း၊ နည်း ပညာဆိုင်ရာသုတေသနပြုမှုများအရ CNG သည် သန့်ရှင်းသည့်စွမ်းအင်အမျိုးအစားဖြစ်၍ စက်ပစ္စည်း များ၏သက်တမ်းကို ပိုမိုကြာရှည်စွာအသုံးပြုနိုင်သည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုလအတွင်းပြုလုပ်ခဲ့သည့်အလုပ်ရုံ ဆွေးနွေးပွဲတွင်ကိန်းဂဏန်းအချက်အလက်များဖြင့် ဆွေးနွေး ရှင်းပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့အားသာ ချက်များရှိသည့်အတွက် CNG အသုံးပြုခွင့်ရရှိနေသည့် မော်တော်ယာဉ်ပိုင်ရှင်များ၊ အငှားယာဉ်မောင်းများအနေဖြင့် ခရီးသည်များထံမှယာဉ်စီးခများ တောင်းခံ ရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီကားများထက် သိသာစွာလျှော့ချ၍ တောင်းခံပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြ စေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် CNG ၊ LPG များတိုးမြှင့် အသုံးပြုရန် တိုက်တွန်းနှိုးဆော် မှုများ စဉ်ဆက်မပြတ်ပြုလုပ်နေသဖြင့် CNG ၊ LPG ပြောင်းလဲသုံးစွဲလို၍ တင်ပြလျှောက်ထားမှုများ အများအပြားလက်ခံရရှိနေကြောင်း၊ အမြန်ဆုံးသုံးစွဲခွင့်ရရှိစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ သဘာဝဓာတ်ငွေ့ဖြန့်ဖြူးပေးရာတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့နှင့် ကုန်းတွင်းသဘာဝဓာတ်ငွေ့တို့အား အပူစွမ်းအင်ထိန်းညှိဖြန့်ဖြူးပေးနိုင်ရေး နည်းပညာအသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါရလာဒ်ကြောင့် တန်းစီစောင့်ဆိုင်းရသည့် မော်တော်ယာဉ်စီးရေ သိသိသာသာလျော့နည်းသွားသဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် CNG နှင့် ထုတ်လုပ်ရေး ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ CNG သုံးမော်တော်ယာဉ်များစီးနင်းကြသည့် အများ ပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG ယာဉ်များတွင် တပ်ဆင်အသုံးပြုသည့် CNG Cylinder အိုးများအား သတ်မှတ်ထားသည့်ကာလများအတိုင်းစနစ်တကျစမ်းသပ်စစ်ဆေးသွားနိုင်ရေး နှင့် သက်တမ်းပြည့်ပြီး CNG Cylinder အိုးများအသစ်လဲလှယ် တပ်ဆင်နိုင်ရေး အလေးထားစီမံ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ကြရန်အရေးကြီးပါကြောင်း၊ အနာဂတ် သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူးရေးကဏ္ဍတွင် One BTU စနစ်ဖြင့်ဆောင်ရွက်နိုင်ရေး ဓာတ်ငွေ့ပေါင်းဆုံမည့် Gas Hub နှင့် ပိုက်လိုင်းကွန်ယက်အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့် အညီစနစ်တကျအလေးထားဆောင်ရွက်သွားကြရန်လိုပါကြောင်း ပြောကြား ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့သုံး CNG အရောင်းဆိုင်များမှမန်နေဂျာ များအားမှာကြားရာတွင် ပြည်သူလူထုအားဝန်ဆောင်မှုပေးသည့်လုပ်ငန်းဖြစ်သဖြင့် စေတနာထားပြီး တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ပါကြောင်း၊ CNG အရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများအနေ ဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ တာဝန်ကိုကျေပွန်စွာထမ်းဆောင် ကြရန်လိုအပ်ပါကြောင်း၊ မိမိအလုပ်တာဝန်အပေါ်တန်ဖိုးထားကြရန်နှင့် ပြည်သူလူထုသက်သာချောင်ချိ ရေးကိုအလေးထားရန်လိုပါကြောင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို တိကျစွာသတင်းပေးတိုင်ကြားမှု များရှိလာပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများမှလည်း သာမာန်စစ်ဆေးခြင်း များအပြင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး ပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန် ခေတ်မီစက်ကိရိယာ များဖြင့် CNG အိုးများ စမ်းသပ်စစ်ဆေးနေသည့် CNG Retest Factory အလုပ်ရုံအား ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်း ဆိုင်အမှတ်(၀၃၂)သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် နှစ် အလိုက် စက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြကြ ပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တာရာယ်ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသည့် Standard Operating Procedure (SOP) များအား အလေးထားလိုက်နာဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ စက်များ ကြံ့ခိုင်ကောင်းမွန် စေရေးနှင့် သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်ရေးအတွက် regular maintenance နှင့် preventive maintenance များကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်ပြီး နှစ်အလိုက်အစီအမံများ ရေးဆွဲ ဆောင်ရွက်ရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး CNG သုံးခရီးသည်တင် YBS ယာဉ်နှင့် အဌားယာဉ်များအား CNG ဖြည့်တင်း ပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

Other News