News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)အားသွားရောက်ကြည့်ရှုစစ်ဆေး

01st Mar 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)အားသွားရောက်ကြည့်ရှုစစ်ဆေး

                                                                    နေပြည်တော်၊ မတ်လ ရက်

         စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ လုပ်ငန်း/ ဌာနများမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီ မြို့နယ်ရှိ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)၏ စက်ပြုပြင်မွမ်းမံနေမှုအခြေအနေ များအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) ရှိ ရှင်းလင်းဆောင်သို့ရောက်ရှိကြရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ ယူရီး ယားဓာတ်မြေဩဇာထုတ်လုပ်ဖြန့်ဖြူးနိုင်မှုအခြေအနေ၊ စက်ရုံပြုပြင်မွမ်းမံနိုင်ရန်စီမံဆောင်ရွက် ထားရှိမှုတို့နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။

         တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်နိုင်ရေး အတွက် လိုအပ်သောကုန်ကြမ်းသဘာဝဓာတ်ငွေ့တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန် အထွက်နှုန်း ကျဆင်းနေသည့်ရေနံမြေများမှတွင်းဟောင်းများကို သုတေသနပြု၍ အဖျောက်နှင့် မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတို့မှ သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့သဖြင့် ဓာတ် မြေဩဇာစက်ရုံများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတို့သို့ ပိုမိုဖြန့်ဖြူးပေးနိုင်တော့ မည်ဖြစ်ပါကြောင်း၊ ဓာတ်မြေဩဇာစက်ရုံများအနေဖြင့်လည်း အကန့်အသတ်ဖြင့်ရရှိလာသည့် သဘာဝဓာတ်ငွေ့များအား အကျိုးရှိထိရောက်စွာအသုံးပြု၍ အရည်အသွေးပြည့်မီသည့် ဓာတ် မြေဩဇာများထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ အမှတ်(၄) ဓာတ်မြေ ဩဇာစက်ရုံ (မြောင်းတကာ)၏ စက်ရုံသက်တမ်းကာလ ၁၄ နှစ်ခန့်ကြာမြင့်သည်အထိ စနစ် တကျထိန်းသိမ်းလည်ပတ်၍ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် စက်ရုံဝန်ထမ်း များအား အထူးဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ ယခုစက်ရုံအား ၂၀၁၀ ခုနှစ်မှစတင်လည်ပတ် ခြင်းဖြစ်ရာ Chemical Plant များ၏သဘောသဘာဝအရ စက်ရုံအကြီးစားပြင်ဆင်ခြင်း (Renovation) ဆောင်ရွက်ရမည့်ကာလသို့ရောက်ရှိနေပြီဖြစ်သဖြင့် အကြီးစားပြင်ဆင်နိုင်ရေး အစီအမံများချမှတ်ဆောင်ရွက်နေပါကြောင်း၊ စက်ရုံအားစနစ်တကျပြင်ဆင်ပြီးစီးပါက စက်စွမ်း အားပြည့်လည်ပတ်ပြီးအရည်အသွေးကောင်းမွန်သည့် ယူရီးယားဓာတ်မြေဩဇာများ စဉ်ဆက် မပြတ်ထုတ်လုပ်နိုင်မည်ဖြစ်ရာ ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း၊ စက်ရုံ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်လုပ်ကိုင်နေရသည့်လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်း သေချာစွာသိရှိထားရန်လိုအပ်ပြီး လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်စက်ရုံဝန်းအတွင်းလှည့်လည်၍ စက်ရုံပင်မ ထိန်းချုပ်ခန်းတွင် Distributed Control System - DCS စနစ်ဖြင့်ထိန်းချုပ်ပြီး ယူရီးယားဓာတ် မြေဩဇာလည်ပတ်ထုတ်လုပ်နေမှု၊ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများ၏ အရည် အသွေးသတ်မှတ်ချက်များပြည့်မီမှန်ကန်စေရေး ဓာတ်ခွဲခန်းတွင်တိုင်းတာစမ်းသပ်စစ်ဆေးနေမှု နှင့် စက်ရုံအကြီးစားပြင်ဆင်ဆောင်ရွက်သည့်အခါ အဓိကထားဦးစားပေးပြင်ဆင်ရမည့် အပိုင်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်း တကာ)ရှိ ဓမ္မာရုံတွင် စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများ၏ စား ဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်သည့်တင်ပြမှုများအပေါ် လိုအပ်သော  ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

        

Other News