News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

29th Feb 2024

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၈) ရက်

ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများတိုးမြှင့်အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)တွင် ကျင်းပ ပြုလုပ်ခဲ့ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်အဖွင့် အမှာစကားပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း၏သဘောသဘာဝသည် အရင်းအနှီးများပြားပြီး စွန့်စားလုပ်ဆောင်ရမှု (Risk) လည်းကြီးမားပါကြောင်း၊ ခေတ်မီ နည်းပညာများအသုံးပြုခြင်းဖြင့်သာ စွန့်စားလုပ်ဆောင်ရမှု(Risk)ကို လျှော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများပြားသဖြင့် ပြည်တွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများကို ပါဖိတ်ခေါ်ဆောင်ရွက်ကြရပါကြောင်း၊ ရေရှည်လုပ်ငန်းဖြစ်သည့်အပြင် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ရသည်ဖြစ်၍ နှစ်ဘက်သဘောတူစာချုပ်စာတမ်းများချုပ် ဆိုဆောင်ရွက်ကြရာတွင် နိုင်ငံတော်အတွက်ဆုံးရှုံးနစ်နာမှုမရှိစေရေး သက်ဆိုင်ရာနယ်ပယ် တွင် ကျွမ်းကျင်သည့်ဥပဒေပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်၍ သေချာသည့်စည်းနှောင်မှု များဖြင့် ချုပ်ဆိုင်နိုင်ရန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏စွမ်းအင်အရင်းအမြစ်များသည် ကန့်သတ်ချက်ရှိသည့် Limited Resource များဖြစ်၍ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိ သူများဖြစ်သည့်အားလျော်စွာ သတိကြီးစွာထား၍ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝ ဓာတ်ငွေ့များကို ကုန်ကြမ်းအနေဖြင့်အသုံးပြုနေခြင်းထက် ရေရှည်တွင် ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်သွားရန် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိ သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ပေးလျက်ရှိသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် အချို့စီမံကိန်းများမှာ ထွက်ရှိမှုလျော့နည်းကျဆင်း လာနေ ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိစီမံကိန်းများအားတိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ဆောင်ရွက်ဆဲစီမံကိန်းများအား သတ်မှတ်ထားသည့်အချိန်အတွင်း ပြီးစီးရေး၊ စီမံကိန်း အသစ်များထပ်မံဖော်ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းများမှတာဝန်ရှိသူများက ကုန်းတွင်းနှင့် ကမ်းလွန် စီမံ ကိန်းများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ရေတို ရေရှည် ဆောင်ရွက်သွားမည့် အစီအမံများအားတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Other News