News

Home News detail

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်အားပေး နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်

23rd Feb 2024

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်အားပေး

နေပြည်တော်၊ ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်

 မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးကူညီရိုင်းပင်းလို စိတ်များဖြစ်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းစိတ်ဓာတ် ခိုင်မာအားကောင်းစေရန်ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈ ခုနှစ်၊ မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပွဲကို ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနစုပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်နှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက အဖွဲ့(၅)ဖွဲ့ဖြင့် မြန်မာ့ ရိုးရာအစဉ်အလာများနှင့်အညီ ပျော်ရွှင်စွာရိုးရာထမနဲထိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက် အားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News