News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်ကျင်းပပြုလုပ်

08th Feb 2024

စွမ်းအင်ဝန်ကြီးဌာန၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ရက်

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၉ လတာလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများချမှတ်ခြင်းနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယ ဝန်ကြီးဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လအတွင်းကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနလုံးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ရေနံမြေများ၊ စက်ရုံများ၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင်တာဝန်ထမ်းဆောင်နေသော ကြီးကြပ်ရေးအရာရှိများ၏ တင်ပြချက်များအပေါ် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းရုံးချုပ် များမှ ကြီးကြပ်ရမည့်လုပ်ငန်းများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများ များစွာရှိနေပါ ကြောင်း၊ ရေနံမြေများ၊ စက်ရုံများမှ သက်ဆိုင်ရာအထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများမှ ကြိုးစား ဆောင်ရွက်နေသည့်အပေါ် မိမိတို့လုပ်ငန်းရုံးချုပ်မှတာဝန်ရှိသူများအနေဖြင့် လိုအပ်သည့်ဖြည့် ဆည်း ပံ့ပိုးမှုများဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊  မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင်များ ရောက်ရှိအောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄ ဘဏ္ဍာ ရေးနှစ်မတိုင်မီ ကျန်ရှိသည့်ကာလများအတွင်း ယခင်ဘဏ္ဍာနှစ်၏ဆောင်ရွက်ရန်ကျန်ရှိနေသည့် လုပ်ငန်းများကို အချိန်မီပြီးပြတ်အောင်ဆောင်ရွက်နိုင်ရေး အစွမ်းကုန်အားထုတ်ကြိုးပမ်းကြရန်လိုကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်၏ ကျော်ဖြတ်ခဲ့သည့်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့်လုပ်ငန်းများ၏ အားနည်း ချက် အားသာချက်များအပေါ်သုံးသပ်၍ ကျန်ရှိသည့်ကာလများအတွင်းဆောင်ရွက်ရမည့် လုပ်ငန်း များကို လုပ်ဆောင်သွားကြရန်လိုသလို လာမည့်ဘဏ္ဍာနှစ်များတွင် ဆောင်ရွက်သွားရမည့် လုပ်ငန်းများအစီအမံများကိုလည်း ရေးဆွဲချမှတ်သွားရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲကြရာတွင် နိုင်ငံတော်ပိုင်ငွေများဖြစ်၍ စိစစ်သုံးစွဲပြီး လုပ်ငန်းများအကျိုးရှိအောင်မြင်အောင် ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ထို့အပြင် နိုင်ငံပိုင် အဆောက်အအုံများ၊ စက်ကိရိယာများ၊ အထောက်အကူပြု ပစ္စည်းများနှင့် ယာဉ်ယန္တရားများကို မပျက်စီးအောင် စနစ်တကျဂရုပြုကိုင်တွယ်အသုံးပြုကြရန်လို ကြောင်း၊  ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများသည် မိမိတို့ဘာသာရပ်အလိုက် ကျွမ်းကျင်မှုအပေါ် အခြေခံကာ ဆောင်ရွက်ရသည့်လုပ်ငန်းများကိုသုံးသပ်နိုင်ရန် အမြဲမပြတ်လေ့လာဆည်းပူးထားကြ ရမှာဖြစ်ပါကြောင်း၊ ယနေ့အချိန်ကာလသည် အရေးပေါ်အခြေအနေတွင်ဆောင်ရွက်နေရသည်ဖြစ်၍ သာမာန်အားထုတ်မှုမျိုးဖြင့် မလုံလောက်ပါကြောင်း၊ ကြံရည်ဖန်ရည်ဖြင့်ထွင်းဖောက်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ရည်မှန်းချက်များ၊ မျှော်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ယခုဘဏ္ဍာရေးနှစ်၏ကျန်ရှိသည့်ကာလနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်းဆောင်ရွက်သွားမည့်လုပ်ငန်းများအောင်မြင်စေရေးအတွက် အစီအမံများအား အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ တင်ပြမှုများအပေါ် စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ခြုံငုံဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးကသုံးသပ်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် စီးပွားရေး အင်အားတောင့်တင်းလာစေရေးအတွက် မိမိတို့စွမ်းအင်ကဏ္ဍသည် အလွန်အရေးကြီးသဖြင့် စီမံကိန်း များအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အခက်အခဲများကို နည်းပညာအခြေပြု၍ကျော်လွှားနိုင်ရန် ကြိုးစားကြစေလိုပါကြောင်း၊ ဝန်ထမ်းများနှင့် မိသားစုများ၏ ပညာရေး၊ ကျန်းမာ‌ရေး၊ လူမှုရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာများကို အမြဲမပြတ်ကြည့်ရှု၍ ဖြည့်ဆည်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအောင်မြင်စေရေး ကြိုတင်ပြင်ဆင်၍ ကြိုးပမ်းဆောင်ရွက် သွားရန် တိုက်တွန်းလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Other News