News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှုအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

02nd Feb 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှုအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လူမှုရေးတာဝန်သိမှုနှင့်ပတ်သက်သည့် အသိပညာတိုးပွားစေ ရန်ရည်ရွယ်၍ လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှု (Corporate social responsibility - CSR) အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးဆောင် ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ဦးဆောင်ဆွေးနွေးရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး (Human Resources Development - HRD) သည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် အလေးထားဆောင်ရွက်နေသောအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ စွမ်းအင်ဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသောအဖွဲ့အစည်းများတို့၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်င်ပြီး မိမိတို့အလုပ်တာဝန်ဝတ္တရား များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြစေရန်ရည်ရွယ်၍ ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ် ရခြင်းဖြစ်ပါကြောင်း၊ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု အပေါ်မူတည်ပြီး အောင်မြင်မှုအကျိုးရလာဒ်များရရှိခံစားကြရမည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးသည် အဖွဲ့အစည်းတိုင်းအတွက် မဖြစ်မနေဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဆိုသည်မှာ အဖွဲ့အစည်း တစ်ခု၏ရည်မှန်းချက်ကိုပြည့်မီရန် အကောင်အထည်ဖော်မည့် အခြေခံကျသော လုပ်သားအင်အား ကိုဆိုလိုပါကြောင်း၊ တစ်နည်းအားဖြင့် လူသားအရင်းအနှီး (Human Capital) အဖြစ် တင်စားခေါ်ဆို နိုင်ပါကြောင်း၊ လူသားအရင်းအနှီး (Human Capital) ဖွံ့ဖြိုးတိုးတက်ရေးအတွက် Knowledge Capital Social Capital နှင့် Emotional Capital တို့ အားကောင်းစေရေး ပြုစုပျိုးထောင်ပေးရ မည်ဖြစ်ပါကြောင်း၊ အဖွဲ့အစည်းများကိုဦးဆောင်နေကြရသည့် ခေါင်းဆောင်များအနေဖြင့်လည်း ခေါင်းဆောင်မှုအရည်အချင်း (Leadership Behaviours) ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရေးအရေးကြီးသလို လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများသည်လည်း အရေးကြီးပါ ကြောင်း၊ လူမှုရေးတာဝန်သိမှု (CSR) ဆိုသည်မှာ သဘောတရားအားဖြင့်လွန်စွာကျယ်ပြန့်ပါကြောင်း၊ အဖွဲ့အစည်းများ၏ စီမံကိန်းများကိုဆောင်ရွက်အကောင်အထည်ဖော်ကြရာတွင် လူမှုစီးပွားဘဝနှင့် ပတ်ဝန်းကျင်အပေါ် အနုတ်လက္ခဏာဆောင်သည့်ထိခိုက်မှုများ (Negative Impacts) လျှော့ချခြင်း နှင့် အပြုသဘောဆောင်သည့်အကျိုးပြုလုပ်ငန်းများ (Positive Impacts) မြှင့်တင်ခြင်းသည် လူမှုရေး တာဝန်သိမှု (CSR) သဘောတရားဟုပင်ဆိုနိုင်ပါကြောင်း၊ စွမ်းအင်ကဏ္ဍသည် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ရှု ထောင့်မှကြည့်ပါက စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများသည် စွန့်စားမှုကြီးမားလှသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းစဉ် များအတွက် လူမှုရေးတာဝန်သိမှု (CSR) သည် မိမိတို့၏ Creativity ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ပါဝင်သောအဖွဲ့အစည်း များအကြား ယုံကြည်မှုတည်ဆောက်ခြင်းပင်ဖြစ်ပါ ကြောင်း၊ စွမ်းအင်ကဏ္ဍဆိုင်ရာ လူမှုရေးတာဝန်သိမှု (CSR) လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံကိန်းတည်ရှိရာဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် ဆိုင်သည့်လုပ်ငန်းများကိုသာမက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွင်း ပါဝင်ဆောင်ရွက်နေကြရသည့် Impact တိုက်ရိုက်ထိတွေ့ သက်ရောက်မှုရှိသည့်ဝန်ထမ်းများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးတွက်ကိုလည်း ထည့်သွင်း စဉ်းစားဆောင်ရွက်သွားကြရန်လည်း အရေးကြီးပါကြောင်း၊ သို့မှသာ မိမိတို့တာဝန်ယူဆောင်ရွက် နေသည့်အဖွဲ့အစည်းနှင့် Stakeholderများအကြား ယုံကြည်မှုတိုးပွားကာ လုပ်ငန်းများအောင်မြင်စေ ရေး ကြိုးပမ်းပံ့ပိုးဆောင်ရွက်လိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ရေးနှင့် မိမိအဖွဲ့အစည်းအပေါ် လေးစားယုံကြည်ပြီး အဖွဲ့အစည်း၏အကျိုးကို စေတနာထားဆောင်ရွက်စေရန် ပါဝင်ဆောင်ရွက်သူများ လူမှုရေးတာဝန် သိမှု (CSR) လုပ်ငန်းများဖြင့် အထောက်အပံ့ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ပညာရှင်များမှ လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ လုပ်ငန်းစဉ်များ၊ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် လုပ်ငန်းများစီမံခန့်ခွဲမှုစနစ် (Digitalization and Workflow Management System)လူမှုရေး တာဝန်သိမှု (Corporate social responsibility - CSR) တို့နှင့်ပတ်သက်ပြီး ဆွေးနွေးပို့ချခဲ့ကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု နှင့်ပတ်သက်၍ Prioritize Human Capital in you organization ခေါင်းစဉ်ကိုလည်းကောင်း၊ လူမှုရေးတာဝန်သိမှု (CSR) နှင့်ပတ်သက်၍ Who is CSR the most important to? ခေါင်းစဉ်ကို လည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးမေးမြန်းခဲ့ကြပြီး တက်ရောက်လာသည့်ပညာရှင်များက ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးခဲ့သူများအား အမှတ်တရ ဂုဏ်ပြုက်ဆောင်များပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုလို အလုပ်ရုံ ဆွေးနွေးပွဲအား စိတ်ပါဝင်စားစွာပါဝင်တက်ရောက်ကြသူများ၊ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြသူ များအားကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေးပွဲမှရရှိသော အသိပညာ၊ ဗဟုသုတများကို မိမိတို့ဌာန တွင် အကျိုးရှိစွာအသုံးချသွားကြစေလိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးတာဝန်သိမှုကိစ္စများ Sustainable ဖြစ်အောင် အစီအမံများချမှတ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် သို့မှသာမိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်လုပ်ငန်းများ တိုးတက်ရေး အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် အထောကအပံ့ရရှိလာမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင်ဆောင်ရွက်နေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာ ထမ်း/ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

Other News