News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ကျင်းပပြုလုပ်

26th Jan 2024

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်

စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြု လုပ်ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရည်မှန်းချက်များအဖြစ်ထားရှိကာ ရည်မှန်းချက်များအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ချမှတ်ဆောင်ရွက် လျက်ရှိသည့် အမျိုးသားရည်မှန်းချက်များ၊ မျှော်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်ကြရာတွင် စွမ်းအင်ဖူလုံရေး(Energy Security)သည်အရေးကြီးပါကြောင်း၊ လက်ရှိ နိုင်ငံတော် ၏ စက်သုံးဆီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံခြားငွေအများအပြားသုံးစွဲ၍ ပြည်ပမှတင် သွင်းဖြန့်ဖြူးပေးနေရကြောင်း၊ စွမ်းအင်ကဏ္ဍတွင် ထူထောင်ထားပြီးဖြစ်သည့်အရင်းအမြစ်များကို အခြေခံ၍ ရည်မှန်းချက်တာဝန်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏စက်သုံးဆီလိုအပ်ချက်ကို တိုးမြှင့် ဖြည့်ဆည်းပေးနိုင်ရန် ရပ်ဆိုင်းထားသည့်ရေနံချက်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ လက်ရှိ လည်ပတ်နေသည့်စက်ရုံများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ရေနံချက်စက်ရုံများအတွက်လိုအပ်မည့် ကုန်ကြမ်းရေနံစိမ်း တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ယူရီးယားဓာတ်မြေဩဇာစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ နှင့် အခြားစက်ရုံအလုပ်ရုံများအား သဘာဝဓာတ်ငွေ့ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ခေတ်မီနည်းပညာများ အသုံးပြု ကာ သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အထွက်တိုး လုပ်ငန်းများအတွက် အခြေအနေဖန်တီးနိုင်ခွင့်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် တည်ဆောက်ထားပြီးဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို အကျိုးရှိစွာ အသုံးချ၍ ရေနံချက်စက်ရုံများ၊ ယူရီးယားဓာတ်မြေဩဇာစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံများ စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်ပံ့ပိုးပေးနိုင်ရေး စီမံ ဆောင်ရွက် သွားရန်လိုပါကြောင်း၊ စက်ရုံများ စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေး အပိုင်းလိုက် စမ်းသပ်ဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအသင့်ဖြစ်စေရေး လုပ်ငန်းခွင်သင်တန်းများ ဦးစားပေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ကိုကျေပွန်အောင်ဆောင် ရွက်သွားကြရန်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍရည်မှန်းချက်များအပေါ် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွင်းဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ တတိယသုံးလပတ် အထိ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို သေချာစွာသုံးသပ်လေ့လာပြီး ယခုဘဏ္ဍာရေးနှစ်၏ ကျန်ရှိသည့် ၃ လတာကာလနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်သွားမည့်လုပ်ငန်း များအောင်မြင်စေရေး စနစ်တကျပြင်ဆင်သွားကြရန်တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဒုတိယစစ်ဆေးရေးအရာရှိချုပ်များ၊ ရေနံမြေအထွေထွေမန်နေဂျာများ၊ စက်ရုံမှူးများနှင့် တာဝန်ရှိသူများမှ မိမိတို့ကဏ္ဍအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ ၉ လတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့်အခြေအနေ၊ ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေ၊ ကုန် ထုတ်လုပ်မှုအခြေအနေ၊ CSR လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ စက်ရုံများ စက်စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုအခြေအနေနှင့် လုံခြုံရေးအခြေအနေများအား ရှင်းလင်းတင်ပြကြရာ သက်ဆိုင်ရာကဏ္ဍများ၏ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများကဖြည့်စွက်တင်ပြခဲ့ကြပါသည်။

တင်ပြချက်များအပေါ် စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်က ခြုံငုံဖြည့်စွက်ဆွေးနွေး ခဲ့ပြီး ဒုတိယဝန်ကြီးက ဘဏ္ဍာငွေရရှိမှုအား အချိန်မီသုံးစွဲသွားရန်လိုကြောင်း၊ ရေနံစိမ်း၊ သဘာဝ ဓာတ်ငွေ့နှင့် ယူရီးယားဓာတ်မြေဩဇာများ သတ်မှတ်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ကြိုးပမ်း ဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလေးထား ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန်ထား သော SOP များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ တင်ပြချက်ကိန်းဂဏန်း အချက်အလက်များတိကျမှန်ကန်မှုရှိစေရေးအလေးထားဆောင်ရွက်ကြရန်လိုပါကြောင်း၊ စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများ ပိုမိုဖွင့်လှစ်ရန်လိုပါကြောင်း သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် စီးပွားရေးအင်အားတောင့်တင်းလာစေရေးအတွက် မိမိတို့စွမ်းအင်ကဏ္ဍသည် အလွန်အရေးကြီးသဖြင့် စီမံကိန်းများအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ စီမံကိန်းများဆောင်ရွက်ရာတွင်လည်း နိုင်ငံတော် ဘဏ္ဍာငွေကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးစနစ်တကျစီမံခန့်ခွဲသွားကြရန်ဖြစ်ပါကြောင်း၊ စီမံကိန်း များအောင်မြင်အောင်ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက ကျသဖြင့် မိမိတို့ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိ စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ သတင်းအချက်အလက်နှင့် စာရွက်စာတမ်း လုံခြုံရေး အထူးအလေးထားရန်လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများ၊ ရေနံမြေများ၊ စက်ကိရိယာပစ္စည်းများ လုံခြုံရေး အမြဲမပြတ်စောင့်ကြပ်စစ်ဆေးနေကြ ရန်လိုပါကြောင်း၊ ဝန်ထမ်းများ၏ ပညာရေး၊ ကျန်းမာ‌ရေး၊ လူမှုရေးနှင့် သက်သာချောင်ချိ ရေးဆိုင်ရာများကို အမြဲမပြတ်ကြည့်ရှု၍ဖြည့်ဆည်းဆောင်ရွက်သွား ကြရန်လို အပ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအောင်မြင်စေရေး ကြိုတင်ပြင်ဆင်၍ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

Other News