News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး မစ္စစ် အေယာ မိုဟာမက် အာဘ်ဒယ်ကာရင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

18th Jan 2024

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်

        စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်နိုင်ငံသံအမတ်ကြီး မစ္စစ် အေယာ မိုဟာမက် အာယ်ဒယ်ကာရင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့် တင်နိုင်ရေးနှင့် အသစ်တည်ဆောက်နိုင်ရေးကိစ္စရပ်များ၊ ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်နိုင်ရေး ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ရေနံဓာတ်ငွေ့အရည် (LNG) တင်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စများ၊ အနာဂတ်ကာလ မြန်မာနိုင်ငံနှင့်အီဂျစ်နိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများအား ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် အီဂျစ်နိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးနှင့် လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ရုပ်ကြွင်းလောင်စာ(Fossil Fuel)သုံးယာဉ်များ အစား ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG) သုံးယာဉ်များ ပြောင်းလဲအသုံးပြုနိုင်ရေး အတွက် အားပေးမြှင့်တင်ဆောင်ရွက်နေသည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Other News