News

Home News detail

စွမ်းအင်ဝန်ကြီးဌာနရှိဝန်ထမ်းများနှစ်သစ်ကူးကံစမ်းမဲဖောက်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်ခြင်း

29th Dec 2023

 စွမ်းအင်ဝန်ကြီးဌာနရှိဝန်ထမ်းများနှစ်သစ်ကူးကံစမ်းမဲဖောက်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်ခြင်း

နေပြည်တော်၊ ဒီဇင်ဘာလ ၂၉ ရက်

          စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှစ်သစ်ကူးကံစမ်းမဲဖောက်ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ၂၉ ရက်နေ့၌ စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် ၆၊ ရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်၍ နှစ်သစ်တွင်ခွန်အားဖြစ်စေမည့်အမှာစကားများ ပြောကြားပြီး အရာထမ်း၊ အမှုထမ်းများနှင့်အတူ ကံစမ်းမဲများပျော်ရွှင်စွာ မဲဖောက်ပေးခဲ့ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ၂၀၂၃ခုနှစ်အတွင်း မိမိတို့လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ လာမည့် ၂၀၂၄ခုနှစ်မှ နောင်နှစ်များစွာ နိုင်ငံတော် ၏စွမ်းအင်ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဌာနအကြီးအကဲများအနေဖြင့် မိမိတို့ဌာနတိုးတက်စေရေးဆောင်ရွက်လျက်ရှိရတွင် ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြှင့်တင်နိုင်ရန် သင်တန်းများပို့ချခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ ဝန်ထမ်းတစ်ဦးခြင်းအနေဖြင့်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်ရေးနှင့်စက်ရုံ များပြန်လည် လည်ပတ်၍ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် သာမန်အခြေအနေထက် ပိုမိုကြိုး ပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကိုမိမိပြန်လည်ဆန်းစစ်၍ အရည်အသွေးမြှင့်တင်နေကြရမည် ဖြစ်ကြောင်း၂၀၂ ခုနှစ်တွင် စိတ်ခွန်အားသစ်များဖြင့် တိုင်းပြည်တာဝန်များကိုကျေပွန်အောင် ထမ်းဆောင် နိုင်သည့်ဝန်ထမ်းကောင်းများဖြစ်ကြပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နှစ်တစ်နှစ်ပိုင်ဆိုင်ကြစေရန် ဆန္ဒပြု ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများက အရာ ထမ်း၊ အမှုထမ်းများနှင့်အတူ ပျော်ရွှင်စွာဖြင့်ကံစမ်းမဲများနှိုက်၍ နှစ်သစ်ကူးဂုဏ်ပြု လက်ဆောင်များပေးအပ် ခဲ့ကြပြီး စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။

Other News