News

Home News detail

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်စခန်းများနှင့် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

15th Dec 2023

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်စခန်းများနှင့် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာလ ၁၅ ရက်

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း ဆောင်ရွက်နေသော စက်သုံးဆီသိုလှောင်စခန်းများသို့ရောက်ရှိကာ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများဖြင့် စက်သုံးဆီတင်သွင်းရောက်ရှိနေမှုအခြေအနေများ၊ စက်သုံးဆီသိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီ လက်ခံချယူနေမှုအခြေအနေများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက် နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ အများပြည်သူသို့ စက်သုံးဆီ ဖြန့်ဖြူးရောင်းချ ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအနေဖြင့် သိုလှောင်စခန်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံ တံတားများ၏ လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် သတ်မှတ်ထားသည့် SOP (Standard Operating Procedure) များကို လိုက်နာ ဆောင်ရွက်ကြရန်၊ ဆီတင်/ဆီချ ဆောင်ရွက်ရာတွင် စက်သုံးဆီများ ယိုဖိတ်မှုမရှိစေရေးနှင့် စက်သုံးဆီများအား အရည်အသွေးပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးပေးနိုင်ရေးတို့ကို တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြရန်၊ ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင် မျှောထုတ်ယူ ရသည့်စနစ်မှ Online ဖြင့် မျှောထုတ်ယူနိုင်သည့်အဆင့်သို့ အသုံးပြုသွားနိုင်ရေးနှင့် Software စနစ် တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူသုံးစွဲမှု အခြေအနေအား ကြီးကြပ်စောင့်ကြည့် နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့်လည်း အများပြည်သူသို့ ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် အရည်အသွေးနှင့် အချင် အတွယ်ပြည့်မီစွာ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Other News