News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

15th Dec 2023

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်

နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သဘာဝဓာတ် ငွေ့ရည် (Liquefied Natural Gas – LNG) အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာ သိရှိနားလည်နိုင်စေရန်နှင့် LNG ကို အကျိုးရှိစွာအသုံးချခြင်းဖြင့်နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့ဖွံ့ဖြိုးတိုးတက်လာ စေရန်ကိုရည်ရွယ်ကာ စွမ်းအင်ဖူလုံရေးနှင့် သဘာဝဓာတ်ငွေ့ရည်၏အခန်းကဏ္ဍ (Energy Security and The Role of Liquefied Natural Gas – LNG) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့ပြီး အမြဲတမ်း အတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြင်ပပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ဖူလုံရေး (Energy Security) သည်အရေးကြီးပါကြောင်း၊ စွမ်းအင်ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များချမှတ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိမိမိတို့နိုင်ငံတွင် သဘာဝဓာတ်ငွေ့၊ ရေအား၊ ကျောက်မီးသွေး၊ နေရောင် ခြည်နှင့် ဇီဝလောင်စာတို့ကိုအသုံးပြုနေကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု တွင်အဓိကစွမ်းအင်အရင်းအမြစ်ဖြစ်သည့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အစားထိုးသုံးစွဲဖို့နည်းလမ်းများ စဉ်းစားရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) ကို Energy Mix အနေဖြင့် အချိုးအစားတစ်ခု ရောစပ်အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏စွမ်းအင်လုံခြုံမှုကို အထောက်အကူပြုနိုင် မည့်အခြေအနေများအား တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးမြှင့် စေရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်လာစေရေးအတွက် အားပေးအား မြှောက်ပြုလျက်ရှိရာ အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်မှာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာမည်ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့ ရည်(LNG)သည် နိုင်ငံတော်သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းရန် အရေးပါသည့်အခန်းကဏ္ဍအဖြစ် ရောက်ရှိလာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အဦများ လုပ်ငန်းအစီ အမံများ ကြိုတင်ပြင်ဆင်ချမှတ်နိုင်ရန်လိုအပ်ကြောင်း ဦးဆောင်ဆွေးနွေးပြောကြား ခဲ့ပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ပညာရှင်များက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော LNG ကို တင်သွင်း အသုံး ပြုရာတွင် လိုက်နာရမည့် Standard Code များ သတ်မှတ်သင့်သည့်အခြေအနေ၊ အနာဂတ် LNG demand & Supply အခြေအနေ  LNG  တင်သွင်းနိုင်ရေး ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ GDP နှင့်စွမ်းအင်သုံးစွဲမှုချိတ်ဆက်မှုအခြေအနေ၊ ရင်းနှီး မြှုပ်နှံမှုနှင့် အခြေခံအဆောက်အဦများ (Infrastructure)  လိုအပ်မှုအခြေအနေ၊ ကမ္ဘာ LNG  ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ၊  ဒေသတွင်း LNG ဈေးကွက် အခြေအနေ၊ မြန်မာနိုင်ငံတွင် LNG တင်သွင်းပါက Market Rule နှင့် Price Mechanism သတ်မှတ်ရန်လိုအပ်မှုအခြေအနေ၊ မိမိတို့နိုင်ငံအတွင်း LNG Infrastructure  များ တည်ဆောက်ထားရှိမှုအခြေအနေ၊ LNG  မှ Cold Energy (အအေးစွမ်းအင်)ကို အကျိုးရှိထိရောက်စွာအသုံးပြုနိုင်မှုအခြေအနေ၊ လျှပ်စစ် ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးကို အထောက် အကူပြုနိုင်မည့် အခြေအနေ၊ မော်တော်ယာဉ်သုံးဖိအားမြှင့် သဘာဝဓာတ်ငွေ့ (Compressed Natural Gas – CNG) များတိုးမြှင့်သုံးစွဲနိုင်ရန် အထောက် အကူပြုမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ အနာဂတ်စွမ်းအင်စီမံခန့်ခွဲမှုတွင် LNG ကဏ္ဍ၏ အရေးပါနိုင်မည့်အခြေအနေများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ပညာရှင်က LNG သုံးစွဲခြင်းကြောင့် ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှုအခြေအနေ၊ အကျိုးအပြစ်များနှင့် ပတ် သက်၍ ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များနှင့် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

        ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြသော သက်ဆိုင်ရာဌာနအသီးသီးတို့မှ တာဝန်ရှိသူများအား ကျေးဇူး အထူးတင်ရှိပါကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ် ငွေ့ရည်(LNG) တင်သွင်းအသုံးပြုခြင်းသည် အရေးပါသည့်လုပ်ငန်းတစ်ရပ် ဖြစ် လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ LNG နှင့်ပတ်သက်သည့် နည်းပညာနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများအလိုက် ကျွမ်းကျင် ပိုင်နိုင်စွာလေ့လာထားရန်လိုပါကြောင်း၊ ဆက်စပ်လုပ်ကိုင်ရမည့်ဌာနများနှင့်လည်း စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပထဝီအနေ အထားကိုအသုံးချ၍ စွမ်းအင်ဆိုင်ရာရေရှည်အစီအမံများ ချမှတ်သွားရမည်ဖြစ် ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်ဆွေးနွေးသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Other News