News

Home News detail

နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း ကျင်းပပြုလုပ်

07th Apr 2026

နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း ကျင်းပပြုလုပ်

၂၀၂ ခုနှစ် ဧပြီ ရက်

            စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များပူးပေါင်း၍ နည်းစနစ်ကျတွင်း(Standard Well) တူးဖော်ထုတ်လုပ်ရန် စီမံဆောင်ရွက် လျက်ရှိပြီး တွင်းတူးဖော်ထုတ်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းတွေ့ဆုံဆွေးနွေးပွဲကို ၂၀၂ ခုနှစ်၊ ဧပြီ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ရေနံနည်းစနစ်ကျ တွင်း(Standard Well) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်း ဝန်၊ လုပ်ငန်းဌာနကြီးကြပ်မှု အောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများတာဝန်ရှိပုဂ္ဂိုလ်များနှင့် နည်းစနစ်ကျတွင်း(Standard Well)တူးဖော်ရန် အဆိုပြုတင် ပြထားသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

          ရေနံနည်းစနစ်ကျတွင်း(Standard Well)တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုအခြေ အနေများ၊ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် စက်သုံးဆီအခက်အခဲများကို ဝန်ကြီးဌာနမှဖြေရှင်းဆောင်ရွက် နေမှုအခြေအနေများ၊ ပြည်ပမှ စက်သုံးဆီတင်သွင်းနေရမှုနှင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ စက်သုံးဆီအကြပ်အတည်းအား ကျော်လွှားနိုင်ရေးအတွက် ဝန် ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံပိုင်ရေနံချက်စက်ရုံများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ရေနံစိမ်းတိုးတက်ထုတ်လုပ်နိုင်စေရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်နိုင်ရန် စာချုပ်များချုပ်ဆိုပြီး ပြည်တွင်းရေနံထုတ်လုပ်မှုကို ပိုမို တိုးမြှင့်နိုင်စေရန် လုပ်ဆောင်နေသည့် အခြေအနေများ၊ ရေနံနည်းစနစ်ကျတွင်း(Standard Well)တူး ဖော်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းနိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများ၊ ရေနံနည်းစနစ်ကျတွင်း (Standard Well)တူးဖော်ခြင်းလုပ်ငန်းများတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူး ဖော်ရေးလုပ်ငန်းများအား ထိန်းကျောင်းကြပ်မတ်သွားမည့်အစီအမံများ၊ နည်းပညာပိုင်းဆိုင်ရာ အကူ အညီများ ပံ့ပိုးပေးသွားမည့် အစီအမံများ၊ လုပ်ငန်းများအမှန်တကယ်ဆောင်ရွက်သည့်အချိန်တွင် ဒီဂျစ် တယ်နည်းပညာအခြေပြု စောင့်ကြည့်ကြပ်မတ်သွားမည့်အစီအမံများအား ဦးဆောင်ရှင်းလင်းဆွေး နွေးပြီး တက်ရောက်လာသည့် ဌာနမှတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် (Operating Agreement)မူကြမ်းပါအချက်များ၊ တွင်းတူးဖော်ခြင်းအစီအစဉ် (Drilling Program) နှင့် တွင်းတူးဖော်မည့်အစီအစဉ်(Well Policy) လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြပါသည်။ ရှင်း ပြဆွေးနွေးခဲ့ကြမှုများအပေါ် တက်ရောက်လာသည့် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များမှ လုပ်ငန်းများအမှန်တကယ် ဆောင်ရွက်ချိန်တွင် အဆင်ပြေ ချောမွေ့စေရေး အတွက် ကြုံတွေ့ လာနိုင်သည့် အခက်အခဲများအား ဝိုင်းဝန်းဆွေးနွေးတင်ပြကြပြီး စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးဌာန/ လုပ်ငန်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကာ ရေနံနည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

စွမ်းအင်ဝန်ကြီးဌာန

             

 

 

 

 

 

 

 

 

 

 

 

 

Other News